Part 32 ( Z + U )

13.3K 740 35
                                    

Zawgyi

မီဒီယာများနှင့်တွေ့ဆုံပြီးနောက် ဘရဏီ ၏ ခြေလှမ်းများသည် ရှယ်ယာရှင်များရှိရာ meetin room သို့ ။ ရွှေသုန္ဒရီ အား သူမ၏ ရုံးခန်းထဲတွင် ထားခဲ့လေသည်။

ရှယ်ယာရှင်များ၏ ဝေဖန်ပြောဆိုမှုတွေကို ရွှေသုန္ဒရီ ခံနိုင်ရည်မရှိမှာ ဘရဏီသိလေသည်။

meeting room ထဲသို့ ဘရဏီ ဝင်လိုက်သည်နှင့် တီးတိုးပြောသံများ တိတ်ဆိတ်သွားလေသည်။ ဘရဏီ ပိုင်ဆိုင်သည့် လုပ်ငန်းများ၏ ရှယ်ယာရှင်များသည် ၃၀ ဝန်းကျင်ခန့်ရှိလေသည်။

"ကဲ..! ကျွန်မကပွင့်ပွင့်လင်းလင်းသမား သူများတွေလိုအသနားခံမယ့်သူမဟုတ်ဘူး ကျွန်မဟာ လိင်တူချစ်ကြိုက်သူတစ်ယောက် ကျွန်မလက်ထပ်မယ့်သူကလဲ မိန်းကလေးဘဲ အဲ့ဒီတော့
ကျွန်မနဲ့ ရှေ့ဆက်လက်တွဲမယ့်သူတွေ ထိုင်လို့ရပြီး လက်တွဲဖြုတ်မယ့်သူတွေ ထထွက်သွားလို့ရပါတယ်"

ဘရဏီဟာထိုသို့သော အမျိုးသမီးတစ်ဦးပါ။ စကားပြောရာမှပြတ်သားလွန်းသည်။ စီးပွါးရေးလောက၏ ဘုရင်မတစ်ပါးပင်။

ပြတ်သားလွန်းလှသည့်စကားသံကြောင့် meeting room ထဲရှိ ရှယ်ယာရှင်များ တစ်စုံတစ်ဦးမှ အသံမထွက်ကြပေ။ ဘရီဏီ ၏ လက်ယာဘက်တွင် ထိုင်နေသော ဦးကျော်သီဟ ထံမှ မည်သည့်အသံများ မကြားရသည့်အတွက် မည်သူမျှမလှုပ်ရဲကြပေ။

"ကောင်းပြီ ဒါဆို ကျွန်မနဲ့ရှေ့ဆက်လက်တွဲသွားမယ်လို့ဘဲယူဆပါတယ်"

ထို့နောက် ဘရဏီ သည် လုပ်ငန်းပိုင်းနှင့်ပက်သက်သည်များ ကို ရှယ်ယာရှင်များနှင့် ဆက်လက်ဆွေးနွေးခဲ့ကြလေသည်။

ယနေ့သည်ကား ဦးကျော်သီဟ ၏ ပထမဦးဆုံး plan A ပျက်သွားသည့်နေ့ပင်။ ယခု Plan B ကို စတင်ဖို့ အကောင်အထည်ဖော်မည်။

^^^
~ ဝုန်း ခွမ်း ~

သရဖီသည် သူမ၏ အခန်းထဲရှိ ပစ္စည်းများတစ်ခုချင်းပစ်ပေါက် ရိုက်ခွဲနေလေသည်။ Facebook ပေါ်တွင်တက်လာသော ဘရဏီ နှင့် ရွှေသုန္ဒရီ တို့၏ ပုံများကိုကြည့်ကာ သရဖီ ဒေါသများထွက်နေလေသည်။

ဒါ့အပြင် ဘရဏီ နှင့် ရွှေသုန္ဒရီ ကိုအားပေးထောက်ခံကြသော ကွန်းမန့်များသည် သရဖီ ရင်ကို မီးနှင့်မြှိုက်နေသလိုပင်။

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now