Part 38 ( Z + U )

11.3K 312 1
                                    

Zawgyi

အိပ်ယာကုတင်ထက်ပေါ်တွင် ယခုအချိန်ထိသတိမရသေးသော ရွှေသုန္ဒရီအား ဘရဏီ အတန်ကြာအောင်စိုက်ကြည့်နေမိသည်။

ထိုပေါက်စလေးသာ တစ်ခုခုဖြစ်သွားခဲ့ရင် ဘရဏီ ရင်ကျိုးရချည်ရဲ့။ ဝေ့တက်လာသော မျက်ရည်စများကို ပြန်ထိန်းလိုက်လေသည်။

ဧည့်ဆွဲထဲတွင် ထည့်ထားသော စီးကရက်ဘူးအားထုတ်ကာ ဝရံတာရှေ့တွင်ရပ်ရင်း သောက်နေလေသည်။ ဘာတွေမှားယွင်းနေသလဲ ဘရဏီ မစဉ်းစားတတ်။

ဟိန်းထက်အောင်နှင့် လင်းယာတို့၏ ရန်တစ်ခုမှအေးချမ်းသွားလေသည်။ နောက်ထပ် ဦးကျော်သီဟ ကို ရင်ဆိုင်ရဦးမည်။ ဘရဏီ့ နွေးထွေးရာလေး နောက်တစ်ကြိမ် အန္တာရယ်မဖြစ်ဖို့ အရေးကြီးသည်။

တစ်ဆက်ထဲ ခေါင်းထဲရောက်လာသူမှာ နွယ် ။ နွယ် ဟာ သိပ်နူးညံ့သည့် အမျိုးသမီးတစ်ဦးပင်။ အရှက်အကြောက်လဲကြီးသလို အားလဲငယ်တတ်သည်။ သူငယ်ချင်း ဖြစ်သူကိုလဲ ဘရဏီ စိုးရိပ်မိသည်။

"မာ မာမီ"

ရွှေသုန္ဒရီ ၏ ခေါ်သံလေးကြောင့် ဘရဏီ လက်ကြားထဲတွင်ညှပ်ထားသော စီးကရက်အား အမြန်ပင်မီးသတ်လိုက်လေသည်။ အပြေးအလွှားပင် ရွှေသုန္ဒရီ အနားသို့ရောက်လာသည်။

"ဘေဘီ!"

"အဟင့်! မာမီ"

မျက်ရည်ပေါက်ကြီးကျလာသောကြောင့် ရွှေသုန္ဒရီ ၏ မျက်ဝန်းမှ မျက်ရည်စများကို ဘရဏီ သူမ၏ လက်များဖြင့် အသာယာသုတ်ပေးလေသည်။

"မာမီရှိတယ်နော် ဘေဘီ မငိုနဲ့တော့နော်"

"ကြောက်တယ် မာမီ ဘေဘီ ကြောက်တယ် သူတို့..သူတို့ကလေ..."

"မာမီ သိတယ် ကလေးရယ် မငိုနဲ့တော့ကွာ ဘေဘီ့ မျက်ရည်စတွေက မာမီ့ရင်ကိုဓားနဲ့မွှန်းနေသလိုဘဲ သိရဲ့လား"

ပြောရင်း ဘရဏီ သည်လဲမျက်ဝန်းမှ မျက်ရည်စများဝေ့တက်လာလေသည်။

"ဘေဘီ မငိုတော့ဘူး မာမီလဲမငိုနဲ့တော့နော် ဟင့်!"

"မငိုတော့ဘူးနော် မာမီကလေးလေးက သန်မာတာ မာမီသိတာပေါ့ကွာ"

"ဟုတ် ဘေဘီ မငိုတော့ဘူးနော်"

တစ်ဦးနှင့်တစ်ဦးနူးညံ့သောအကြည့်များဖြင့် ကြည့်နေကြသည့် မြင်ကွင်းကို တံခါးအကွယ်လေးကနေ မျက်ရည်များဖြင့် သရဖီ သည်ကြည့်နေလေသည်။

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now