Part 36 ( Z + U )

13.8K 688 40
                                    

Zawgyi

သရဖီ သည် ဘရဏီ့ ခြံရှေ့တွင် ဒူးထောက်လျှက်အနေအထားဖြင့် လက်နှစ်ဖက်အား လက်သီးဆုတ်ထားလေသည်။

"သရဖီ!!"

"တောင်းပန်ပါတယ် မှားသွားပါတယ် တောင်းပန်ပါတယ်"

"သရဖီ နင် နင် ဘာလို့ အဲ့လိုကြီးနေနေတာလဲ"

"ငါ ငါမှားသွားတယ် ငါအများကြီးမှားခဲ့တယ်"

ရွှေသုန္ဒရီ သည် သရဖီ့ အနားသို့ထကာ တွဲထူသော်လဲ သရဖီ သည် ဒူးထောက်လျှက်အတိုင်းပင်နေ နေသည်။ ထိုမြင်ကွင်းသည် ဘရဏီ တို့အတွက်အမြင်မသင့်တော်ပေ။

"သရဖီ ထစမ်း! မင်းဒီလိုလုပ်နေတာ မင်းအတွက်လဲ မကောင်းသလို ငါတို့အတွက်လဲမကောင်းဘူး အခုချက်ချင်းထ"

ဘရဏီ့ အပြောကြောင့် သရဖီ ချက်ချင်းထလိုက်လေသည်။ထို့နောက် သရဖီသည် တစ်စုံတစ်ယောက်ကို ကြည့်နေလေသည်။ ထိုသူမှာ နွယ် ဖြစ်သည်။

"အန် အန်တီ သရဖီ တောင်း တောင်းပန်ပါတယ်"

"အိမ်ထဲဝင်ပြီး ပြောရအောင် သရဖီ ခြံရှေ့ကြီးမှာ မကောင်းဘူး"

ငါးယောက်သားအိမ်ထဲသို့ဝင်ပြီးနောက် ဧည့်ခန်းမကြီးရှိ ဆိုဖာပေါ်တွင် ထိုင်ကြသည်။ နွယ် နေရခက်နေသည်။ ထိုကောင်မလေး တစ်ချိန်ရောက်လာမည်ဆိုတာသိသော်လဲ ယခုလိုမြန်လိမ့်မည်ဟု မထင်ထား။

သရဖီ့ အကြည့်တွေသည် နွယ့် ဝမ်းဗိုက်ထံသို့။ ထိုဗိုက်ချပ်ကလေးသည် တစ်ချိန်က ဒယ်ဒီ့ ကိုယ်ဝန်ကို လွယ်ခဲ့သည်။ သရဖီ အိမ်ထဲသို့ ဝေ့ကြည့်သော်လဲ ကလေးငယ် အားမတွေ့ပေ။

"ဟို အန် အန်တီ သရဖီ ဒယ်ဒီနဲ့ကိစ္စကိုသိခဲ့ပြီးပါပြီ"

ထိုစကားကြောင့်နွယ် မျက်နှာအတော်လေးပျက်သွားလေသည်။

"တောင်းပန်ပါတယ် ဒယ်ဒီ့ ကိုယ်စား သရဖီ တောင်းပန်ပါတယ်"

"ကလေးမ တောင်းပန်တယ်ဆိုတာ အပြစ်လုပ်ထားတဲ့သူကဘဲ တောင်းပန်ရတာ ကလေးမ က တို့အပေါ်အပြစ် လုပ်ထားတဲ့သူမဟုတ်တဲ့ အတွက် တောင်းပန်စရာမလိုပါဘူး"

"ဒါပေမယ့် ဒယ် ဒယ်ဒီက"

"တို့ပြောပြီးပြီလေ"

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now