Part 22 ( Z + U )

17.2K 709 12
                                    

Zawgyi

ရန်ကုန်မြို့ရှိအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးရှေ့တွင် ရပ်နေသည့်အမျိုးသမီးတစ်ဦး။ထိုအမျိုးသမီးသည် သိပ်လှသည်။လှသည်ထက်ယဉ်သည်။

ပိုးသား အပြာနုရောင်ရင်ဖုံးလက်တိုလေးနှင့် ထဘီအပြာနုရောင် ဝမ်းဆက်ကလေးသည် သူမ၏ဖြူဝင်းသော အသားအရည်နှင့်အလွန်ပင်လိုက်ဖက်လေသည်။

ကျစ်လစ်ပြီး အချိုးအစားလှသော ခန္ဓာကိုယ်လေးသည် လူကြီး လူငယ် လူလတ် တန်းစားမရွေး သမင်လည်ပြန်လှည့်ကြည့်ရလောက်အောင်ထိ ထိုအမျိုးသမီးသည် သိပ်ကိုလှပသည်။

မြန်မာပြည်ကြီးကို ၅ နှစ်တိတိခွဲခွါခဲ့ပြီးနောက် သူမပြန်လည်ရောက်ရှိလာလေသည်။ လက်ယာဘက်တွင် Luggage ကိုကိုင်ကာ လက်ဝဲဘက်တွင် ကြွေအိုးလေးတစ်လုံးကိုင်လျှက်။

ထိုစဉ်သူမထံသို့ဦးတည်စွာလျှောက်လာသောအမျိုးသားတစ်ဦး

"ဆောရီး မမနွယ် ကျွန်တော်နဲနဲနောက်ကျသွားတယ်"

"ရတယ် ကျော် မမ အခုဘဲရောက်တာ"

နှစ်ဦးသားကားပေါ်သို့တက်လာခဲ့ပြီးနောက် ရန်ကုန်လေဆိပ်မှ ထွက်ခွါခဲ့လေသည်။

သူမ မရှိသည့် ၅ နှစ်အတွင်းမှာ မြန်မာပြည်ကြီးသည်ပြောင်းလဲသွားလေသည်။တိုးတက်လာသည်။

ဒါဆိုသူရော။ပြောင်းလဲသွားပြီလား။ချစ်သူအသစ်ရပြီလား။
အိမ်ထောင်ကျပြီး သားသားမီးမီးလေးတွေရနေပြီလား။

သူမရင်ခွင်ထဲဝယ် ကြွေအိုးလေးကို ကျစ်ကျစ်ပါအောင်ပိုက်ထားရင်း စီးကျလာသည့် မျက်ဝန်းမှ မျက်ရည်စများကို လက်ဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်လေသည်။

"မမ အဆင်ပြေရဲ့လားလို့ ကျွန်တော်မမေးတော့ဘူး အဆင်ပြေအောင်နေပါနော် အရာအားလုံးပြီးသွားခဲ့ပြီဘဲ မမ ဘဝကို အသစ်ကနေပြန်စပါ"

"မမ ကြိုးစားမှာပါ မင်းရောတစ်သတ်လုံး လူပျိုကြီးဘဝနဲ့နေသွားတော့မှာလား အိမ်ထောင်ပြုရမယ်လေ"

"ဟား.. မမကတော့လုပ်ပြီ ကိုယ့်မောင်လေးတွေ့တာနဲ့ ဒါဘဲပြောနေတာဘဲ"

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now