Part 4 ( Z + U )

17.8K 905 7
                                    

Zawgyi

ရွှေသုန္ဒရီ တစ်ယောက်သူမအလုပ်လုပ်သော စမ်းချောင်းမြို့နယ်ရှိ 7 eleven Convenience store သို့ မနက်စောစော ရောက်ရှိလို့လာသည်။

Mini Mart လေးမှာအလုပ်လုပ်နေသည်မှာ ၂လခန့် ရှိလေသည်။ လွန်ခဲ့သော ၃ လခန့်က ဒီလိုအချိန်ဆို သူမ ကျောင်းသို့ သွားရန် ပြင်ဆင်လေ့ရှိသည်။

ကျောင်းတော်ကြီးနှင့် သူငယ်ချင်းများကို သတိရသော်လည်း မိဘမရှိတော့သည့် တစ်ကောင်ကြွက် ဖြစ်သွားသည့် သူမ ဘဝ စားဝတ်နေရေးအတွက် ရုန်းကန်ရမည်။

နေ့စဉ် လုပ်ငန်းတာဝန်များဖြစ်သော တံမြတ်စည်းလှဲ ကြမ်းတိုက် မှန်သုတ် ရသည်မှာ မနက်ပိုင်းအလုပ်ဆင်းရသော သူမ၏ တာဝန်ပင်ဖြစ်သည်။

အခြေခံလစာ ၂သိန်းဆိုသည့် ငွေပမာဏသည် သူမ သုံးစွဲဖို့ အတွက် လောက်ဌပါသည်။

သို့သော်... ။ သူမဖခင်ရှိစဉ်က ဌားရမ်းနေထိုင်နေသည့် အိမ်လေးသည် ၃ လပြည့်တော့မည် ဖြစ်သဖြင့် နောက်ထပ် ၃ လစာပေးရန်အတွက် သူမ အနေဖြင့် ခက်ခဲလွန်းသည်။

အလုပ်မှ ဝန်ထမ်းများ အတွက်ပေးသည့် အဆောင်အား ပြောင်းနေရန် Operation Manager ထံသို့ အသိပေးအကြောင်းကြားမည်ဟု သူမ ဆုံးဖြတ်ထားသည်။

ယနေ့တွင် ဘရဏီ၏ Reva ဖိနပ်ကုမ္မဏီ မှ ဖိနပ် အသစ် ဒီဇိုင်းသည် စထုတ်ပြီး ၂၄ နာရီအတွင်း ပစ္စည်းများ ပြတ်တဲ့အထိ ရောင်းအားကောင်းခဲ့သည်။

"ကဲ .... ဝန်ထမ်းများအားလုံး နားထောင်ကြပါ မနက်ဖြန်ကို ဝန်ထမ်းအားလုံးအတွက် staff party စီစဉ်ပေးမယ်"

all staff - "ဟေး..........!!!"

"နောက်ပြီး မနက်ဖြန် ရုံးတစ်ရက်ပိတ်ပေးပါမယ်
အခုလို Reva ဆိုတဲ့နာမည်တစ်လုံးရလာအောင် လက်တွဲလုပ်ဆောင်ပေးခဲ့ကြတဲ့ဝန်ထမ်းအားလုံးကိုလဲ ကျွန်မ ကျေးဇူးအများကြီးတင်ပါတယ် နောက်ထပ် နောက်ထပ် ထပ်ထုတ်မယ့် ဒီဇိုင်းအသစ်တွေမှာ အတူတူလက်တွဲပြီး ရှေ့ဆက်လျှောက်ကြရအောင်"

all staff - "ဟုတ်ကဲ့ပါ.....!!!"

"ကဲ....အလုပ်ဆက်လုပ်လို့ရပါပြီ"

"လရောင် ရေ"

"ဟုတ်ကဲ့ မမ"

"7 eleven ရဲ့ 1 to 10 ရောင်းအားအကောင်းဆုံးဆိုင် list တွေပို့ပေးပါဦးလို့ ဟိုဘက် ရုံးချုပ်ကိုပြောပေးပါ"

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Tempat cerita menjadi hidup. Temukan sekarang