Part 16 ( Z + U )

15.8K 799 18
                                    

Zawgyi
ကျောင်းဆင်းသည်နှင့် ဌာနရှေ့ရှိခုံတန်းလေးတွင် ရွှေတစ်ယောက် ဘရဏီ မှလာကြိုမည် ပြောသောကြောင့်ထိုင်စောင့်နေမိသည်။

သူမထိုင်နေစဉ် ဟိန်းထက်အောင်မှ အနားသို့ရောက်လာသည်။

"ရွှေသုန္ဒရီ"

"ဟင်!"

"ငါ ဒီမှာခဏထိုင်မယ်နော်"

နေရာတွေအများကြီးရှိပါရဲ့ သူမ အနားသို့ကပ်လာသည် ဟိန်းထက်အောင် အားစိတ်ထဲတွင် ဘဝင်မကျ။သို့သော် အချို့သောဖြတ်သွားဖြတ်လာ ကျောင်းသားများလဲ ရှိသဖြင့် မောင်းထုတ်ရန် မသင့်တော်။

"ရပါတယ်"

"ငါ နင့်ကိုတောင်းပန်ချင်လို့ပါ"

"ဘာ!"

သူမစိတ်ဆိုးမိသည်။ယခုလိုတောင်းပန်စကားပြောသည်မှာ ယခင်ကသူမနှင့်ဖြစ်ခဲ့သည့် ပြဿနာအားရည်ရွယ်သည်မှာ ရွှေသိလေသည်။

"ဒါပေမယ့် အဲ့ဒီနေ့က နင့်ကိုချစ်တယ်လို့ပြောတဲ့စကားက အမှန်ပါ ငါနင့်ကို စတွေ့ထဲက စိတ်ဝင်စားခဲ့မိတာပါ"

"တော်တော့ ဟိန်းထက်အောင် ငါနင့်ဆီက ဒီစကားကြားရတာ နားခါးတယ် ငါ့ကိုနောက်ထပ် ဒီလိုတွေထပ်မပြောပါနဲ့"

သူမထထွက်မည်အလုပ်ကျောင်းထဲသို့ဝင်လာသော xpeng g9 ev အနက်ရောင်ကားလေး ထိုကားလေးသည် ဘရဏီ ကိုယ်တိုင်မောင်းသည့်ကားမှန်း ရွှေ သိလေသည်။

ဘရဏီ ရှိရာကားလေးဆီသို့သူမပြေးသွားလေသည်။ သူမ ကပြာကယာပြေးလာသည့် ပုံစံကြောင့် ဘရဏီ အနီးတစ်ဝိုက်သို့ မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်ရာ

"ဒီကောင်လေး အနားကပ်ပြန်ပြီ"

ဘရဏီ မျက်မှောင်ကျုံ့လိုက်ပြီး လက်သီးဆုတ်လိုက်မိသည်။

သူမ၏ ပေါက်စလေး ကားပေါ်တက်လာသည်နှင့် ချက်ချင်းပင် သူမ၏ မျက်နှာအား ဖြေလျော့လိုက်လေသည်။ ထို့နောက်

"စောင့်နေတာ ကြာသွားလား ဘေဘီ"

"မကြာသေးပါဘူးမာမီ"

"ခုနကဘေဘီနဲ့စကားပြောနေတာ ဘေဘီ့ သူငယ်ချင်းလား"

"မ မဟုတ်ပါဘူး"

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now