Part 14 ( Z + U )

15K 678 2
                                    

Zawgyi
သက္ကရာဇ်တွေတစ်ခုပြီးတစ်ခုပြောင်းသွားသည်နှင့် ကျွန်မတို့တွေလဲ တတိယနှစ်သို့ရောက်ရှိလာခဲ့သည်။

တစ်နေ့ကျွန်မတို့အတွက်ကံကြမ္မာစိုးတစ်ခုဝင်လာပါသည်။

ထိုအရာသည်ကား....

girl - "ရွှေသုန္ဒရီ ရွှေသုန္ဒရီ သူရိန်လင်း ဟိုအုပ်စုငါးယောက်နဲ့ကန်တင်းမှာပြဿနာတက်နေတယ်"

ရွှေ - "ဘာ!!!"

လရိပ် - "ဟဲ့ ဘယ်လိုလုပ်မလဲ အဲ့ဂြိုလ်ငါးကောင်ကလွယ်တာမဟုတ်ဘူး"

ရွှေစင် - "ဘယ်လိုလုပ်ရမှာလဲ ငါတို့သူငယ်ချင်းဘဲ သွားရမှာပေါ့"

ကျွန်မတို့သုံးယောက်ကန်တင်းသို့အပြေးအလွှားသွားကြရသည်။ကန်တင်းရောက်တော့အားလုံးက တစ်နေရာသို့ ထူးဆန်းစွာရပ်ကြည့်နေသည်။

မြင်လိုက်ရသည့်မြင်ကွင်းသည်ကား

သရဖီ နှင့်အတူ သံစဉ်ဦးနှင့်ဆောင်းယွန်းစံတို့က ဂိမ်းဆော့မပြတ်ထိုင်နေပြီး လင်းယာနှင့်ဟိန်းထက်အောင်ကတော့ သူရိန်လင်းအနာတွင်

ကော်ဖီခွက်ကလေးကိုင်ထားသည့် သူရိန်လင်းမှာ တစ်ကိုယ်လုံးတုန်ရီနေလေသည်။

လင်းယာက အိင်္ကျီကော်လံကိုဆွဲထားပြီး ဟိန်းထက်အောင်ကတော့ သူရိန်လင်း၏ ဝဲဘက်ပုခုံးကဖက်လျှက်

ထိုအဖြစ်အပျက်ကြားထဲသို့ကျွန်မဝင်ရတော့မည်။တစ်ဖက်သူကကျွန်မတို့သူငယ်ချင်းမဟုတ်လား။

ရွှေ - "သူရိန်လင်း နင်ဘာလုပ်နေတာလဲ အတန်းတက်ရတော့မယ်လေ"

သူရိန် - "ရွှေရွှေ သူငယ်ချင်း အီး ဟီး"

ကျွန်မအသံကြားသောကြောင့် သရဖီ တစ်ယောက်ခေါင်းထောင်ကြည့်လာလေသည်။ကျွန်မကိုကြည့်သည့်မျက်ဝန်းများကတော့ အလိုမကျသည့် မျက်ဝန်းများဖြင့်

ကျွန်မသရဖီကိုအရဲစွန့်ပြီး တောင်းပန်ရတော့မည်။သူရိန်လင်းက ယောင်္ကျားတစ်ယောက်ဆိုပေမယ့် သူ့ရဲ့စိတ်ကတော့ပျော့သည်။

ရွှေ - "သရဖီ ငါ..ငါတောင်းပန်ပါတယ် ငါ့သူငယ်ချင်းကိုတော့ဘာမှမလုပ်ပါနဲ့"

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now