Part 28 🚨 ( Z + U )

30K 788 14
                                    

Zawgyi

"လူနာ မေလရောင် ၁၁နာရီ၂၄မိနစ်မှာ ဆုံးသွားပါပြီ"

"ဟင့်အင်း! မပြောပါနဲ့ ငယ် မသေဘူး ငယ် က မ ကိုထားခဲ့မှာ မဟုတ်ဘူး ထပါ ငယ်ရယ် မ ကို အဲ့လိုကြီးမနောက်ပါနဲ့ မ မကြိုက်ဘူးနော် စိတ်ဆိုးမှာနော်!"

ကျော်စိုးလွင်သည်လဲ အစ်မဖြစ်သူ၏ ရူးမတတ်ခံစားနေရသည် ကို မြင်ရတာ စိတ်မကောင်းပေ။ မျက်ရည် မကျဖူးသည့် ဘရဏီ သည်လဲ အံကြိတ်ကာငိုနေမိသည်။

ရွှေသုန္ဒရီ လဲ ဘရဏီ့ ရင်ခွင်ထဲတွင် ခေါင်းငုံ့ကာ တရှူံ့ရှူံ့ငိုနေလေသည်။နေ့မြင်ညပျောက်ဆိုသည့် စကားသိပ်မှန်သည်။

မနက်တွင်စကားထိုင်ပြောခဲ့ကြပြီး နာရီပိုင်းအတွင်းလောကကြီးကထွက်ခွါသွားခဲ့လေသည်။

ချစ်ရသူကို ဆုံးရှုံးလိုက်ရသည့် နွယ့် အတွက်တော့ နောင်တအကြီးကြီးတစ်ခုပင်။

"မမလရောင် သနားပါတယ် မာမီရယ် အီး ဟီး!!"

"မနက်ကလေ ဘေဘီလေ မမလရောင်ကို မနက်စာစားသွားဦးလို့ပြောသေးတယ် မမလရောင်က မစားတော့ဘူးဆိုပြီး အန်တီနွယ့် နောက်ကိုပြေးလိုက်သွားတာ မမလရောင် မနက်စာတောင် မစားလိုက်ရဘူး မာမီရယ် အီး ဟီး"

"ငယ် မ လေ ငယ့် ကိုသိပ်ချစ်တာသိလား! ငယ် က မ ဘဝရဲ့အချစ်ရဆုံး အချစ်ဦးနဲ့နောက်ဆုံးအချစ်ပါဘဲ ငယ် ရယ်! ထပါတော့နော် မ ကိုမနောက်ပါနဲ့ အဲ့လိုကြီး မစပါနဲ့ ငယ် ရယ် အဟင့်!!"

ဒေါက်တာမြသွေးခက်သည်လဲ စိတ်မကောင်းပေ။

"မ တို့နှစ်ယောက် အတူတူ ဘဝသစ်ပြန်စကြမယ်နော် ငယ် ဘဲပြောတယ်လေ ငယ့် လက်ကိုကိုင်ပြီးရဲရဲလျှောက်ကြမယ်ဆို မ ငယ့်ကိုလိုအပ်တယ် ငယ်ရယ် မ စိတ်ဆိုးမှာနော် ငယ် ထတော့ကွာ"

ထိုစဉ် မေလရောင် ၏ လက်ညိုးလေး လှုပ်လာသည်ကို ရွှေသုန္ဒရီ တွေ့လိုက်လေသည်။

"မာမီ! မာမီ! မမလရောင် လက်လှုပ်သွားတယ်!!!"

"ဟင်!!!"

~ တီ .. တီ .. တီ ~

လရောင် ၏ နှလုံးခုန်နှုန်းသည် တစ်ဖြေးဖြေးပြန်တက်လာတော့သည်။

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Tempat cerita menjadi hidup. Temukan sekarang