Part 25 ( Z + U )

13.9K 682 16
                                    

Zawgyi

ဤအပိုင်းတွင် rape သည့်စကားလုံးများပါဝင်သောကြောင့် သည်းခံပြီးဖတ်ပေးပါရှင့်။ကျော်သွားလို့လဲ ရပါတယ်ရှင့်။ 🫶🏼

"ကိုသီဟ ဒါဘယ်ကိုသွားနေတာလဲ ဆေးရုံသွားတဲ့လမ်း မဟုတ်ဘူးထင်တယ်နော်"

"ဟုတ်တယ် ဆေးရုံသွားနေတာမဟုတ်ဘူး"

"ရှင်..!!!"

"ကို နွယ့်ကို ကားတင်ပြေးလာတာ"

"ဘာ!!! အခုချက်ချင်းကားကိုရပ် ကျွမ်မဆင်းမယ် ရှင့်မှာ သားနဲ့မယားနဲ့ အောက်တန်းကျလှချည်လား!!"

"ဟုတ်တယ်! ကို အောက်တန်းကျတယ် နွယ့်ကိုချစ်လွန်းလို့ ပြီးတော့ ကို သူ့ကိုကွာရှင်းမှာ"

"ကျွန်မအဲ့ဒါတွေမသိချင်ဘူး အခုချက်ချင်းကားကိုရပ်ပေး!!"

ကားအားလမ်းဘေးသို့ထိုးရပ်လိုက်ကာ နွယ်မှ ကားတံခါးကို ဆွဲဖွင့်မည် အလုပ် ထိုအမျိုးသားသည် နွယ် ၏ နှာခေါင်းအား အဝတ်စဖြင့် အုပ်လိုက်လေသည်။

ထို့နောက် နွယ်၏ မျက်ခွံများသည် လေးလံလာပြီး မှိတ်ကျသွားလေသည်။

တစ်ဖက်တွင် နွယ့် အိမ်သို့ ရောက်ရှိနေသည့် လရောင်သည် နွယ် အမျိုးသားတစ်ဦးနှင့်ထွက်သွားသည်ဟု ပြောသောကြောင့် စိတ်ပူနေမိသည်။

နွယ့် အားဖုန်းဆက်သည်မှာ ဆက်မရ ဆက်သွယ်မှုဧရိယာ ပြင်ပသို့ရောက်ရှိနေလေသည်။

လရောင်၏ အပူသည် ၁၀ဆလောက်မြင့်တက်သွားလေသည်။

အချိန်သည်ကား ည ၁၁ နာရီ

ထိုအမျိုးသားမောင်းနှင်လာသော ကားကလေးသည် ပဲခူးမြို့ထဲသို့ရောက်ရှိလာလေသည်။

တိတ်ဆိတ်သောခြံကြီးထဲသို့ ကားအဖြူရောင်လေး ဝင်လာသည်နှင့် ထွက်ကြိုသော တပည့်များ

"ဆရာ ရောက်လာပြီလား"

"အေး အဆင်သင့်ဘဲလား"

"Ready ဘဲဆရာ ရေမီးအစုံနဲ့ဖြည်စားရုံဘဲ"

"ဟားဟား ကြိုက်တယ် အဲ့ဒါကြောင့်မင်းတို့ကိုအားကိုးနေရတာ"

ထိုနောက် ကားထဲတွင် မေ့ဆေးအရှိန်ကြောင့် အိပ်ပျော်နေသော စိမ်းလဲ့နွယ် အား ပွေ့ချီလိုက်လေသည်။

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now