Part 27 ( Z + U )

15.3K 758 25
                                    

Zawgyi

ဘရဏီ ကားမောင်းနေရင်း နွယ့် အားကြည့်ကာ ပြုံးစိစိလုပ်နေသည်။ထိုအရာကို သတိထားမိသည့် နွယ် မှ

"ဘာကြည့်တာလဲ မဏီ ကားကိုရှေ့ကြည့်မောင်းလေ"

"ညကရင်ခုန်သွားသလား"

"အို... ဘာကိုရင်ခုန်ရမှာလဲ"

"ညက ရှင့်ကောင်မလေး မူးပြီး...."

"မဏီနော်..! မစနဲ့ဟာ"

"ဟား ဟား နွယ်ရယ် ယူ့အကြောင်းကို တို့ အသိဆုံးပါ လရောင် သနားပါတယ် ရည်းစားဖြစ်တာတောင် ပါးလေးဘဲနမ်းရတယ်လို့ ယူသိပ်လွန်တယ်မထင်ဘူးလား"

မနေ့ညက မေလရောင် တို့မူးပြီး ပြောလာသည့်စကားများကြောင့် နွယ့်မှာ ကြက်သီးပင်ထရသည်။ ဒီကောင်မလေး မလွယ်ပေ။ သို့သော် ယခုလိုသောက်တာကိုတော့နွယ်မကြိုက်။

ချစ်သူသက်တမ်း သုံးနှစ်အတွင်းမှာ နွယ့်ဘက်က လက်အကိုင်ခံခဲ့ပြီး နမ်းတာတောင် ပါးလေးသာအနမ်းခံသည်။ ထိုအကြောင်းတွေကို မေလရောင် မူးပြီးညက အကုန်ဖော်လေသည်။

နွယ့်မှာ ရယ်ရခက် ငိုရခက်ပင်။မေဘရဏီ နှင့် ရွှေသုန္ဒရီ ကတော့အတော်ပင် လိုက်ဖက်သည်။ ရယ်လိုက်ကြတာ ဝက်ဝက်ကွဲ နွယ့်မှာ ရှက်လွန်းလို့ခေါင်းပင် မဖော်နိုင်။

"ဒီတစ်ခါ ယူ့ကိုအတည်မေးမှာနော် လရောင်ကိုတစ်ကယ်ပြန်လက်မခံတော့ဘူးပေါ့"

"သေချာတယ် မဏီ ငါ့ဆုံးဖြတ်ပြီးသားကိုပြန်မပြင်ဘူး"

"တို့တစ်ခုပြောမယ်နွယ် သေချာနားထောင်နော်"

ထိုစကားကို နွယ် စိတ်ဝင်စားသည်။ဘရဏီ ဘာများပြောလာမလဲကိုပေါ့။

"တစ်ကယ်တော့လေ လရောင်... suicide လုပ်ခဲ့တယ် နွယ်"

"ဘာ...!!"

နွယ် မျက်လုံးပြူးသွားလေသည်။ suicide လုပ်တယ်တဲ့လား ဆေးထိုးအပ်ကိုတောင်ကြောက်တဲ့ ကောင်မလေးက suicide တဲ့လား။နွယ် ကိုယ့်နားကိုဘဲမယုံနိုင်။

"ဟုတ်တယ် နွယ် တို့ အချိန်မှီရောက်သွားခဲ့လို့ လရောင် ဘာမှမဖြစ်တာ မဟုတ်ရင်လေ ယူ သူ့ကိုအခုလိုတွေ့နိုင်မှာတောင်မဟုတ်ဘူး"

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now