Part 31 ( Z + U )

14.2K 664 41
                                    

Zawgyi

"နွယ်!!"

ခေါ်သံကြောင့် ဘရဏီတို့လေးယောက်သား အသံလာရာသို့ ကြည့်လိုက်မိသည်။

နွယ့် ခြေလှမ်းတွေတုန်ရီလာသည်။ထိုနေရာတွင်လဲကျချင်သည့်စိတ်ကို နွယ် အားတင်းကာ ထိန်းထားရသည်။ထိုသူ ။ ရွံစရာကောင်းတဲ့သူ ။ နွယ့် ကို မတရားကြံခဲ့တဲ့သူ။

လရောင်၏ မျက်ဝန်းများသည် နီရဲလာပြီး လက်သီးဆုတ်ကာ အံ့ကြိတ်နေလေသည်။ ထိုသူကိုသတ်မည်။ မ အတွက်လက်စားချေမည်။

ဘရဏီ သည် နွယ့် လက်ကို အလျှင်အမြန်လှမ်းကိုင်လိုက်သည်။ လက်မလျှော့နှင့်မယိုင်လဲနှင့် မပြိုလဲနှင့် ဟူသောအကြည့်များဖြင့် နွယ့် ကိုကြည့်လေသည်။

နွယ် သက်ပြင်းချကာ အောက်နှုတ်ခမ်းအား ဖိကိုက်နေမိသည်။ နွယ် ပြိုလဲချင်နေသည်။ နွယ် ရှက်သည်။ ထိုညကို နွယ် မမေ့။ နွယ့် ဘဝ ပျက်ခဲ့သည့်ည ။ နွယ် ငိုကြွေးကာ တောင်းပန်ခဲ့သည့်ည။ ၅ နှစ်ကြာသွားပေမယ့် နွယ့် ရင်မှာ ဒဏ်ရာတစ်ခုပင်။

"နွယ်! နွယ် ဟုတ်နေတာဘဲ ကို အဝေးကနေကြည့်နေတာ နွယ်နဲ့တူပါတယ်လို့ မတွေ့တာ ၅ နှစ်တောင်ကြာပြီနော် နွယ်"

ပြောရင်း အောက်နှုတ်ခမ်းကို လျှာဖြင့်သက်လိုက်သော ထိုလူ၏ အပြုအမှုက မေလရောင် ၏ သွေးတွေဆူပွတ်လာလေသည်။ ရွံစရာကောင်းလိုက်တာ ။

"နွယ် ကိုလေ.."

"မဏီ တို့ Toilet ခဏသွားလိုက်ဦးမယ်"

"ဟုတ်ပြီ လရောင် လိုက်သွားပေးလိုက်ပါ"

ဘရဏီ လရောင်၏ ဒေါသတွေကိုမြင်နေရသည်။ ဒီကောင်မလေး စိတ်မထိန်းနိုင်ရင် အကုန်ရှုပ်ကုန်မည်။

ဦးကျော်သီဟ ကတော့ ထွက်ခွါသွားသော နွယ့် အားမျက်တောင်မခတ်ကြည့်နေလေသည်။

မလှမ်းမကမ်းတွင် ကြည့်နေသော သရဖီ သည်လဲ အတွေးများစွာဖြင့်။

"ဒယ်ဒီ နဲ့ အဲ့ဒီ အမျိုးသမီး နဲ့ကသိနေကြတာလား ဘယ်လိုပက်သက်တာပါလိမ့်"

နွယ် Toilet ထဲရောက်သည်နှင့် လရောင် ရင်ခွင်ထဲပြိုလဲကျသွားသည်။ လရောင် အလိုက်သင့်ထိန်းထားရင်း အံကြိတ်နေမိသည်။

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now