Part 35 ( Z + U )

15.3K 715 33
                                    

Zawgyi

"ဟုတ်တယ်! မင်း အဖေက မုဒိန်းကောင် ငါ့သူငယ်ချင်း စိမ်းလဲ့နွယ် ကိုလွန်ခဲ့တဲ့ ၅ နှစ်က မုဒိန်းကျင့်ခဲ့တာကွ"

သရဖီ ပြောစရာစကားလုံးများပျောက်ရှလေသည်။ ဘရဏီ့ အားမျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လေသည်။

"ယုံတာမယုံတာ မင်းအပိုင်းဘဲ မင်း အခုငါ့ကိုလိုချင်တယ်မဟုတ်လား လုပ်လိုက်! မင်းစိတ်ကြိုက် ပြုမူလိုက် ဒီဖအေကမွေးတဲ့သမီးက ဒီပုံစံဘဲ လာမှာဘဲ လုပ်လေ! ဆက်လုပ်လေ!!"

သရဖီ့ လက်တွေရပ်တန့်သွားလေသည်။ သူမ လေးစားခဲ့ရသော ဒယ်ဒီက တစ်ချိန်က မုဒိန်းမှုကိုကျူးလွန်ခဲ့သည်တဲ့လား။ တစ်ခြားသူမဟုတ် အန်တီ့ သူငယ်ချင်းကို။

"မ..မဟုတ်ဘူး အန်တီ လိမ်နေတာ ဒယ်ဒီ က ဘာလို့.."

"ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဒါမင်းကိစ္စ ငါ့သူငယ်ချင်းကလေ ကိုယ်ဝန်ပါရခဲ့တာကွ!"

"မဟုတ်ဘူး မဖြစ်နိုင်ဘူး ဒယ်ဒီကအဲ့လိုမဟုတ်ဘူး"

"သိပ်အံ့ဩသွားသလား! မင်း အဖေနဲ့ပက်သက်ပြီး မသိသေးတာတွေရှိသေးတယ် မင်းကိုယ်တိုင်ဘဲစုံစမ်းကြည့်လိုက်"

သရဖီ သည် ဘရဏီ့ အား အုပ်မိုးထားရာမှထလိုက်သည်။ ကုတင်အောက်တွင် ငုတ်တုတ်လေးထိုင်ကာ တစ်စုံတစ်ခုကိုတွေးနေပုံရသည်။ ထို့နောက် ချည်နှောင်ထားသည့် ဘရဏီ့ လက်တွေကို ကြိုးဖြည်ပေးလိုက်လေသည်။ 

"အန်တီ သွားတော့ သရဖီ့ ကားသော့ယူသွားလိုက်ပါ"

ဘရဏီ့ ထံမှတုံ့ပြန်သံမကြား ။ ဖရိုဖရဲဖြစ်နေသော အဝတ်အစားများကို ပြင်ဝတ်ကာ သရဖီကမ်းပေးသော ကားသော့ အားလက်ထဲမှ ဖြတ်ခနဲလှမ်းယူကာ အခန်းထဲမှ ထွက်သွားလေသည်။

ယိုင်နဲ့နေသောခြေလှမ်းများနှင့် ဘရဏီ ကားပေါ်သို့ထိုင်ချလိုက်သည်။ တင်းထားသည့် စိတ်ကိုလျှော့ချလိုက်သည်နှင့် ကျလာသည့်မျက်ရည်စများ။ထိုကောင်မလေးကို ဘရဏီ အထင်သေးခဲ့မိသည်။

သရဖီအခန်းထဲတွင် ဒူးနှစ်ချောင်းထောင်ကာ လက်နှင့်ပိုက်၍ အသက်မရှိသည့် လူတစ်ယောက်လို စိတ်ဝိညဉ်တွေလွင့်စင်နေသည်။

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now