1

10.2K 768 11
                                    

[Zawgyi]
Chapter 1 (အနာဂတ်ခင်ပွန်းလောင်းက ငါ့ကိုမလိုချင်ဘူးတဲ့)

တုရှန်း က အသက်၂၉နှစ်ရောက်တဲ့အထိ သူ့ဘဝမှာ လက်ထပ်ရမဲ့နေ့ရှိလာလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ တုရှန်း က အခုအချိန်အထိ heat မဝင်သေးလို့ပါပဲ။ ပုံမှန်အားဖြင့် omega တိုင်းက အသက်၁၈နှစ်မှာ စပြီး heat ဝင်ကြပြီး တုရှန်း ကတော့ အချိန်အတော်ကြာတဲ့အထိ heat ဝင်နောက်ကျနေတာကြောင့် ဆရာဝန်နဲ့ပြကြည့်ပြီးတဲ့အခါ မြုံနေတဲ့ရောဂါအဖြစ်ခန့်မှန်းခဲ့ကြပြီး ချို့ယွင်းချက်ရှိတဲ့ အိုမီဂါအဖြစ် သတ်မှတ်ခဲ့ကြတော့တယ်။တစ်ကယ်တမ်းကျတော့ တုရှန်း မှာ သူကြိတ်ကြွေပြီး လက်ထက်ချင်တဲ့ အယ်လ်ဖာ အမျိုးသားတစ်ယောက်ရှိပြီး ထိုအမျိုးသားကလည်း မသန်မစွမ်းတစ်ယောက်ဖြစ်နေပြန်တယ်။ ထိုအမျိုးသားက လက်ရှိမှာ မသန်စွမ်းတစ်ယောက်ဖြစ်နေပေမဲ့ လူတိုင်းကတော့ ထိုအမျိုးသားကိုတွေ့တိုင်း သူဂုဏ်ထူးဆောင်အနိုင်ရရှိခဲ့သော အတိတ်က လုပ်ဆောင်ချက်များကိုသာ သွားတွေးမိနေကြတယ်။

ထိုအမျိုးသား အယ်လ်ဖာ က Star C ရဲ့ အကြီးဆုံးမင်းသားတစ်ပါးဖြစ်ပြီး တုရှန်း ကြိတ်ပြီးသဘောကျနေရတဲ့ မင်းသားလေး ယန်ကျိ ပဲဖြစ်တယ်။ ယန်ကျိ ရဲ့ အသက်က ဒီနှစ်မှာတော့ ၂၄ နှစ်ရှိနေပြီဖြစ်ပြီး အသက်၁၈နှစ်ကတည်းက Star C ရဲ့စစ်သားတွေကိုဦးဆောင်ပြီး တိုက်ပွဲပေါင်းများစွာမှာ ပါဝင်တိုက်ခိုက်ခဲ့သူတစ်ဦးလည်းဖြစ်တယ်။  အသက်၁၉နှစ်မှာတော့  လိုဂန် အဖွဲ့အစည်းက သိမ်းပိုက်ထားတဲ့ ဂြိုလ်ကြီးဆယ်လုံးကို  ပြန်လည်တိုက်ယူနိုင်ခဲ့ပြီး ပထမဦးဆုံးသောအောင်မြင်မှုကို ရရှိခဲ့တယ်။  ထိုအချိန်ကတည်းက သူ့ရဲ့အောင်မြင်မှုကြီးကြီးသေးသေးလေးကအစ ခေတ်ကာလရဲ့ စစ်ပွဲနတ်ဘုရားအဖြစ်ကျော်ကြားခဲ့ပြီး Star C ရဲ့ အသန်မာဆုံးလူသားအဖြစ်လည်း သတ်မှတ်ခံခဲ့ရတော့တယ်။

လူသားမျိုးနွယ်ရဲ့ ရန်သူဖြစ်တဲ့ လော်ဂါကောင်တွေလည်းရှိသေးတယ်။ လော်ဂါ တွေက အင်းဆက်ခန္ဓာကိုယ်ရှိပြီး ဥာဏ်ရည်မြင့်မားသည့် ပိုးကောင်တစ်မျိုးဖြစ်တဲ့အပြင် သူတို့က  လူသားစားသောက်ရတာကို ပိုပြီးသဘောကျနှစ်ခြိုက်ကြတယ်။ ဒါကြောင့်လည်း လူသားမျိုးနွယ်ရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ခံထားရတာဖြစ်သည်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now