18

3.5K 501 3
                                    

[Unicode]
Chapter-18 (အစားခံရခြင်း)

ပျောက်နေတယ်...? ဒါမျိုးဖြစ်သွားနိုင်မယ်လို့ တုရှန်း မထင်ထားမိဘူး။သူ တာမီနယ်ကိုဖွင့်ပြီး တောအုပ်ကို လေ့လာကြည့်တော့ အပင်နီတွေကောင်းကင်မှာ ဝေ့ယမ်းနေတာကလွဲရင် တခြားဘာကိုမှမမြင်ရပေ။

"မင်း ဒီမှာနေဦး ကိုယ်သွားကြည့်လိုက်ဦးမယ်"

ယန်ကျိ တုရှန်း နဲ့ ဘာရီ ကိုပြောလိုက်တယ်။

ယန်ကျိ စကားကြားတာနဲ့ တုရှန်း ချက်ချင်းမတ်တပ်ထရပ်ပြီး သဘောမတူကြောင်းပြန်ပြောတယ်။

"အန္တရာယ်အရမ်းများတယ်။ ကယ်ဆယ်ရေးကိုစောင့်မနေသင့်ဘူးလား"

အခုတင် လူအများကြီးပျောက်နေပြီးပြီလေ။ ယန်ကျိ လိုက်သွားပြီး တခုခုဖြစ်သွားခဲ့ရင်ဘယ်လိုလုပ်မလဲ?

"ကျွန်တော်လည်း ကြင်ယာတော်ပြောတာ သဘောတူပါတယ်။  မင်းသားမသွားသင့်ဘူး"

ယန်ကျိ မှုန်ကုပ်နေတဲ့မျက်နာနဲ့

"သူတို့က ကိုယ့်ရဲ့လက်အောက်ငယ်သားတွေ"

တုရှန်း တိတ်တိတ်လေးနေလိုက်ပေမဲ့ ယန်ကျိ သွားမှာကိုလည်း သူခွင့်မပြုနိုင်သေးဘူး။ယန်ကျိ သွားဖို့ပြင်တော့ တုရှန်း က လက်ကိုလှမ်းဆွဲလိုက်ပြီး

"ကျွန်တော်လည်း လိုက်မယ်"

တုရှန်း ပြောလိုက်တယ်။အနည်းဆုံးတော့ သူက ဒီအပင်အကြောင်းသိတော့ အကူအညီပေးနိုင်လိမ့်မယ်။

"မလိုဘူး"

ယန်ကျိ ရဲ့စကားကိုကြားပြီး တုရှန်း ရင်ထဲမကောင်းဖြစ်သွားတယ်။ဒါပေမဲ့ သူ ယန်ကျိ လက်ကိုလွှတ်မပေးသေးတာကြောင့် နှစ်ယောက်စလုံးရဲ့ အခြေအနေက  မတိုးသာမဆုတ်သာဖြစ်နေတယ်။

"မင်းသား ကြင်ယာတော်ကိုခေါ်သွားလိုက်ပါ။ အပင်အကြောင်းကို ကြင်ယာတော်လောက် ဘယ်သူမှကောင်းကောင်းမသိနိုင်ဘူးမဟုတ်လား"

ဘာရီ ပြောလိုက်တော့ တုရှန်း လည်း ယန်ကျိ ကိုကြည့်လိုက်ချိန် ယန်ကျိ ကခေါင်းငြိမ့်ပြလာတယ်။ ထို့နောက် တုရှန်း လည်း ယန်ကျိ နဲ့အတူ Mecha ထဲကိုလိုက်သွားတယ်။ ဒါက တုရှန်း အနေနဲ့ mecha နဲ့ ပထမဆုံးအနီးဆုံးရှိဖူးတာဖြစ်တယ်။ရွှေရောင် mecha က အရမ်းမြင့်တာမို့ တုရှန်း ရပ် ကြည့်နေမိတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now