80

801 97 0
                                    

[Unicode]
Chapter-80 (Extra: ဘာရီ နဲ့ တုရှောင် ခွေးနဲ့ဝံပုလွေစုံတွဲ အပိုင်းတစ်)

ဘာရီ က မငယ်တော့သလို သူနဲ့သက်တူရွယ်တူအိုမီဂါတွေဆိုရင် ကလေးတစ်ယောက်တောင်ရှိနေပြီဆိုပေမဲ့ ဘာရီ ကတော့အခုထိ တစ်ယောက်တည်း ဖြစ်နေဆဲပင်။ပြီးတော့ သူ့မှာလက်ထပ်ဖို့အတွေး ဘယ်တုန်းကမှမတွေးခဲ့။  ဘာကြောင့်လဲဆိုတော့ သူကအချိန်အကြာကြီးတစ်ယောက်တည်းနေခဲ့ရတာဖြစ်ပြီး ဒါကြောင့်ပဲ တစ်ယောက်တည်းဘဝကို ကျင့်သားရလာခဲ့တာဖြစ်တယ်။

ဒါပေမဲ့ လက်ရှိမှာတော့ သူ့မှာပြဿနာလေးတစ်ခုရှိလို့နေတယ်။သူ ကလေးတစ်ယောက်နှောက်ယှက်တာခံနေရတယ်။ကလေးလို့ဆိုပေမဲ့ ထိုသူကအရွယ်ရောက်ပြီးသားလူတစ်ယောက်လည်း ဖြစ်တယ်။  ဒါပေမဲ့ ဘာရီ နဲ့ယှဥ်ရင်တော့ ထိုသူက တကယ့်ကိုငယ်လွန်းသေးတယ်။

ထိုကလေးဆိုသာက တုရှောင် ဖြစ်ပြီး အကြီးဆုံးမင်းသားယန်ကျိ ရဲ့ ယောက်ဖလောင်းဖြစ်ကာ ပထမအသုတ်လက်ရွေးစင်ထဲက တစ်ယောက်ပင်။

အဲ့ကောင်ဘယ်လောက် အရူးထလဲဆိုတာကို သိကြမှာ မဟုတ်ဘူးမလား။ပထမတစ်ခါ တစ်ယောက်ယောက်ဆီကနေ ဘာရီ့တာမီနယ်နံပါတ်ရအောင်တောင်းလိုက်တယ်။ ဒုတိယတစ်ခါလဲကျရော ကျွန်တော့်ဘက်က တစ်ခါတည်း ဖွင့်ပြောပလိုက်တယ်လေ။ဘယ်လိုလူစားမျိုးကို ဘာရီ ကြိုက်လဲဆိုတော့မသိပေမဲ့ ဒီကောင်ကလည်း မျက်နှာအရေထူပြီးသားပဲလေ..

"ကိစ္စမရှိပါဘူး...အကြိမ်နည်းနည်းလောက် ပိုဆုံဖြစ်ရင်ပိုကောင်း‌ေသးတယ်"

အဲ့နောက်မှာ သူတို့ချင်းနေ့တိုင်းဆုံဖို့ကိစ္စက ရှောင်လွဲမရနိုင်တာကြောင့် ဘာရီ ခဗျာ တုရှောင်ဆီကနေ နေ့တိုင်းဆိုသလို နှောက်ယှက်ခံနေရတယ်။တစ်ယောက်ယောက်က ကျောက်တုံးကို ကြက်ဥနဲ့ပေါက်ခွဲနေသလိုပင်...

စည်းမျဥ်းစည်းကမ်းတွေကို ကိုင်ဆွဲလိုက်နာတတ်တဲ့ ဘာရီ အတွက် ပြန်ရန်ဖြစ်လို့လည်း မရသလို သူအလုပ်လုပ်လာတဲ့သက်တမ်းတစ်လျှောက် အခုချိန်က အပင်ပန်းဆုံးလို့ခံစားလာရတယ်။ ပြီးတော့ အခုအချိန်ကလည်း သူ့ရဲ့နှစ်စဥ်ခွင့်ရက်တွေကို  သုံးရမဲ့အချိန်ကောင်းပဲ။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now