57

1.1K 151 0
                                    

[Unicode]
Chapter-57 (ကလေးမွေးပြီ)

တုန်ဖန့်ရှောင် က ကလေးဘဝတည်းက အထင်ကြီးစရာလူတစ်ယောက်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ဥာဏ်ရည်၊ မိသားစုအခြေအနေ၊ သူရရှိခဲ့တဲ့ပညာရေး ဒါတွေအားလုံးက တခြားလူလာရှုပ်လို့ပင်မရနိုင်။သူလိုချင်တာ နာခံမှုပဲ။အခုတော့ တစ်ဖက်လူက သူ့ရဲ့လူသတ်ချင်စိတ်တွေကို လာနိူးဆွနေတယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့နှလုံးသားက သူ့ရှေ့က လူသားကိုဘာမှမလုပ်ရန် တားမြစ်လာပြန်တယ်။

"ဘာလို့လဲ"

တုန်ဖန့်ရှောင် မေးလိုက်တယ်။

လောင်ထန်း ထိုစကားကိုကြားတော့ ရယ်ချမိတော့မတတ်ပင်။ထိုလူက သူ့ကိုပြန်ပြီးအကြောင်းပြချက်မေးရဲသေးတယ်ပေါ့လေ။

"ငါမင်းကို ကလေးနှစ်ယောက်လည်း မပေးနိုင်ဘူး။ကလေးမွေးပြီးတာနဲ့ ငါတို့ကွာရှင်းမယ်"

လောင်ထန်း ပြတ်ပြတ်သားသားပြောလိုက်ပေမဲ့ တခြားသူတွေရဲ့ အကြည့်တွေထဲကလို သူ့နှလုံးသားကတော့ တည်ငြိမ်မနေပေ။

တုန်ဖန့်ရှောင် မျက်လုံးက ရေခဲလိုအေးစက်လာကာ လှည့်ထွက်သွားတယ်။မသွားခင် သူပြောခဲ့သေးတယ်။

"မင်းဒီမှာပဲ တစ်ချိန်လုံးအေးအေးဆေးနေပေါ့"

လောင်ထန်း ထိုလူဘာကိုဆိုလိုမှန်း နားလည်တယ်။သူသာ ဂေါင်စန်းချာ အိမ်က ခြေတလှမ်းလှမ်းတာနဲ့ ထိုလူသူ့ကိုဖမ်းခေါ်သွားမယ်ဆိုတာပဲ။ဘယ်လိုခွေးသူတောင်းစားလဲ။တစ်ချိန်လုံး အထက်စီးဆန်နေတာ သူ့ဆီမှာ တရားမျှတတဲ့ စိတ်လေးတစ်စက်တောင်ပါမလာဘူးလား၊။

"အန်ကယ် ဂေါင်စန်း သူ့ကို ဘာလို့ ဘယ်သူမှ မဖမ်းတာလဲ"

လောင်ထန်း ဂေါင်စန်းချာနားကိုရောက်လာကာမေးလိုက်တယ်။

ဂေါင်စန်းချာ အနည်းငယ်ရှက်သွားကာ လောင်ထန်း ကို ဘာပြန်ပြောရမလဲမသိဖြစ်နေတယ်။ဂေါင်စန်းချာ အခက်တွေ့နေတာမြင်တော့ ကာတင် က

"သူ့မိသားစုက Star C ကိုတည်ထောင်သူထဲကတစ်ယောက်ပဲ။ဂေါင်စန်းလင်း က အရင်ကိုယ်ယောင်ဖြောက်သင်္ဘောရဲ့ ခေါင်းဆောင်ဟောင်းပဲမို့လေ"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now