77

774 107 1
                                    

[Unicode]
Chapter-77 အချပ်ပို: လူဆိုးသွမ်း တုန်ဖန့် နှင့် လူလိမ္မာလေး လောင်...အပိုင်းလေး

လောင်ထန်း တုန်ဖန့်ရှောင်လို အထက်စီးဆန်တဲ့လူစားက သူ့ကိုတောင်းပန်လာလိမ့်မယ်လို့မထင်ထားပေ အတော်လေးအံ့သြစရာပဲ...

တုန်ဖန့်ရှောင်ကတော့ အံ့သြလို့နေတဲ့လောင်ထန်းကိုလွှတ်ပေးလာတယ်။တုန်ဖန့်ရှောင်အမူအယာဟာပုံမှန်အတိုင်း တည်ငြိမ်လို့နေဆဲ တောင်းပန်လိုက်ရလို့လဲ တုန်ဖန့်ရှောင်ရဲ့စိတ်က အနှောက်အယှက်ဖြစ်သွားပုံမပေါ်ဘူးဆိုပေမဲ့  လောင်ထန်းကတော့ထိုသို့မဟုတ်။လောင်ထန်း အံ့အားသင့်နေရာကနေ ပြန်ကောင်းလာချိန် မှာတော့ တုန်ဖန့်ရှောင်က လက်ဖက်ရည်သောက်လို့ပင်ပြီးလို့နေပြီဖြစ်တယ်။

"မင်းတကယ်ပဲဘာလုပ်ချင်နေတာလဲ"

ဒါသူအကြိမ်ပေါင်းများစွာမေးနေခဲ့တဲ့မေးခွန်းဖြစ်ပြီး လောင်ထန်းတကယ်ပဲစိတ်မရှည်တော့...

"မင်းနဲ့ကလေးတွေနဲ့အတူရှိချင်လို့"

လောင်ထန်း ထိုင်လိုက်ကာ မျက်လုံးတွေပင့်ကာ တုန်ဖန့်ရှောင်ကိုကြည့်နေမိတယ်။သူသိထားတဲ့တုန်ဖန့်ရှောင်နဲ့ အခုတုန်ဖန့်ရှောင်ကကွာခြားလို့နေတာကိုသူခံစားလို့ရနေပေမဲ့ ဘယ်နေရာကနေမှ တောင်းဆိုနေတယ်ဆိုတာကို မခံစားရ။

"ငါတို့ဘဝထဲမှာ တစ်ယောက်ကိုတစ်ယောက် ထက်မလိုအပ်တော့ဘူး"

လောင်ထန်း တွေးရင်းပြန်ဖြေလိုက်တယ်။တုန်ဖန့်ရှောင် မအံ့သြသလို ဘာမှလဲပြန်ပြောမလာပေမဲ့ သူ့ပုံစံက ထွက်သွားမဲ့ပုံလဲမပေါ်ပေ။လောင်ထန်း သတိထက်မပေးပဲမနေနိုင်။

"နောက်ကျနေပြီ မင်း ငါ့အိမ်ကနေထွက်သွားပေးလို့ရမလား"

တုန်ဖန့်ရှောင်က

"မင်းအတော်လေး ဥာဏ်ကောင်းတယ်ဆိုပေမဲ့ မင်းအခုထိသဘောမပေါက်သေးဘူးပဲ။  ကိုယ်လွယ်လွယ်နဲ့ထွက်သွားမှာမဟုတ်ဘူး"

လောင်ထန်း နှုတ်ခမ်းကိုကိုက်ထားမိတယ်။သူလူတစ်ယောက်ကို အကြမ်းပတမ်းဆွဲမထုတ်နိုင်ပေ။ဒါလုံးဝကိုမဖြစ်နိုင်တာလေ...သူ အယ်ဖာတစ်ယောက်ကို ဘယ်လိုလုပ်ရိုက်နိုက်နိုင်ပါ့မလဲ အယ်ဖာ ကလေးဆိုတောင်မရိုက်နိုင်ဘူး....

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now