81

721 91 0
                                    

[Unicode]
Chapter-81 (Extra: ဘာရီ နဲ့ တုရှောင် ခွေးနဲ့ဝံပုလွေစုံတွဲ အပိုင်းနှစ်)

တုရှောင် ရဲ့ သွားဖြူဖြူလေးတွေပေါ်အောင်ပြုံးပြနေတဲ့ပုံစံက အလွန်ကိုတောက်ပလို့နေတယ်။အခြားတစ်ဖက်က ဘာရီ မျက်နှာကတော့ အလျှင်အမြန်မဲတက်လာကာ တုရှောင် ရဲ့ခပ်ချောချောမျက်နှာကို တိုက်ရိုက်ပုတ်ချလိုက်တော့တယ်။

"အာ့"

တုရှောင် လည်း သူ့မျက်နာကိုအုပ်ထားလိုက်တယ်။ဘာရီ က အိုမီဂါဆိုရင်တောင် တကယ့်ကိုအစွမ်းအစရှိအိုမီဂါတစ်ယောက်သာဖြစ်တယ်။တုရှောင် လည်း သူ့မျက်နာကိုအုပ်ရင်း စိတ်ဆိုးလို့နေတဲ့ ဘာရီ ကိုကြည့်ကာ

"ဘာလို့ လူကိုရိုက်ရတာလဲ"

တုရှောင် ပြောလိုက်တော့ ဘာရီ ကမတ်တပ်ရပ်ကာ အေးစက်စက်နှာမှုတ်ကာ

"မင်းလုပ်သလို ငါပြန်လုပ်တာလေ။ ဒါမင်းကိုငါသတ်ချင်နေတဲ့အထိလောက် မဆိုးသေးဘူး"

ဘာရီ ပြောပြီးတာနဲ့ သူ့ပစ္စည်းတွေကိုစကောက်ယူလိုက်တယ်။သူ့မှာ အားလပ်ရက်ကောင်းရှိနေတာကို ဒီလူကြောင့် အကုန်ပျက်စီးကုန်တာကြောင့် ဘာရီ ဗိုက်ထဲ မီးတွေမြိုချထားရသလိုခံစားနေရတယ်။

ဘာရီ စိတ်ဆိုးနေပြီဆိုတာကို တုရှောင် မြင်တော့ ချက်ချင်းတောင်းပန်လာတယ်။

"ဘာရီ ကျွန်တော်တောင်းပန်ပါတယ်။ဘယ်သွားမလို့လဲ။ကျွန်တော်လိုက်ပို့ပေးမယ်လေ"

"မလိုဘူး"

ဘာရီ ငြင်းလိုက်တယ်။ဒါပေမဲ့ သူ့အငြင်းစကားက တုရှောင် အတွက် အသုံးမဝင် တုရှောင် သူ့နောက်တောက်လျှောက်လိုက်လာနေဆဲဖြစ်ကာ ဘာရီ ဘာလုပ်လုပ်နောက်ကလိုက်လုပ်ဆဲ။

နောက်ဆုံးတော့ ဘာရီ သည်းမခံနိုင်တော့ဘဲ

"မင်းငါ့နောက်ကလိုက်မလာနဲ့စမ်း"

"ကျွန်တော် ခဗျားနောက်လိုက်ရတာကြိုက်တယ်"

တုရှောင် ပွင့်ပွင့်လင်းလင်းပြောလိုက်တော့ ဘာရီနဖူးပေါ်မှာ သွေးကြောတွေထောင်ထလို့လာကာ

"မင်းငါ့နောက်လိုက်နေတာငါမကြိုက်ဘူး"

ကြည့်ရတာ ဒီမှာအေးဆေးနေလို့ရမဲ့ပုံမပေါ်တာကြောင့် ဘာရီ ယာဥ်ပျံပေါ်တက်ရင်း နေရာပြောင်းသွားဖို့ ပြင်တော့တယ်။ဒါပေမဲ့ သူယာဥ်ပျံပေါ်ရောက်ချိန်မှာတော့ သူ့ယာဥ်ပျံနောက်မှာ တုရှောင် ယာဥ်ပျံရှိလို့နေတာကို မြင်လိုက်ရတယ်။ဘာရီ အလိုအလျောက်မောင်းနှင်စနစ်ကို ဖျက်လိုက်ပြီး မောင်းနှင်သူနေရာမှာထိုင်ကာ စမောင်းတော့တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now