78

807 109 5
                                    

[Unicode]
Chapter-78  အချပ်ပို: လူဆိုးသွမ်း တုန်ဖန့် နှင့် လူလိမ္မာလေး လောင်...အပိုင်းငါး

တုန်ဖန့်ရှောင်တစ်ယောက်အဆုံးမရှိ မျက်နာပြောင်တိုက်နေဖို့ဆုံးဖြတ်ထားပုံပေါ်တယ်။လောင်ထန်း ထိုလူကိုနေ့တိုင်း ထွက်သွားဖို့ပြောပေမဲ့ တုန်ဖန့်ရှောင်ရဲ့ ဒီမှာနေမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုမပြင်နိုင်သေး။ဒီထက်ပိုပိုမုန်းဖို့ကောင်းတဲ့အရာက အဲ့လူက ကလေးတွေနဲ့ပိုပိုရင်းနှီးလာတာပဲ။ အချိန်တိုင်းလိုလို ထိုလူကလေးနဲ့အတူရှိနေတာကိုမြင်တဲ့ အချိန်တိုင်းမှာ သူ့ရင်ထဲမှာ တုန်လှုပ်ခြောက်ခြားမိနေတုန်းပဲ...

အဆုံးမှာတော့ လောင်ထန်း တုန်ဖန့်ရှောင်ကို လစ်လျူရှုဖို့သာဆုံးဖြတ်လိုက်ပြီး လေတခုလိုပဲ သဘောထားလိုက်တော့တယ်။

ဒီလိုနဲ့တလဆိုတဲ့အချိန်ကုန်ဆုံးလို့သွားပြီဖြစ်တယ်။တညမှာ လောင်ထန်း ရှင်းရှင်းနဲ့ပုယုကို ညအိပ်ရာဝင်ပုံပြင်ပြောပြီး အခန်းတံခါးပိတ်ကာထွက်လာတော့ တုန်ဖန့်ရှောင်ကို ကော်ရစ်တာနားမှာမတ်တပ်ရပ်နေတာကိုတွေ့လိုက်ရတယ်။

လောင်ထန်း မမြင်သလိုထွက်သွားပေမဲ့ တုန်ဖန့်ရှောင်ကသူ့လက်ကိုဆွဲလို့လာတယ်။

"ငါ့ကိုလွှတ်"

လောင်ထန်း ထိုလူကိုကြည့်ပြီးပြောလိုက်ပေမဲ့ တုန်ဖန့်ရှောင်ကတော့ သူ့ကိုလွှတ်ပေးဖို့ငြင်းဆန်လို့နေတယ်။လောင်ထန်းကို နံရံနဲ့ သူ့ကိုယ်ကြားမှာပိတ်လို့ထားလေတယ်။လောင်ထန်းနည်းနည်းစိတ်ပျက်လို့လာတယ်။တုန်ဖန့်ရှောင်ကသူ့ကိုကြည့်ပြီး

"ကိုယ့်ကိုဘာမကျေနပ်တာရှိနေတာလဲ ပြောပါ"

လောင်ထန်း သူ့ခေါင်းကိုပြန်လှည့်လာကာ စိုက်ကြည့်ရင်း

"ငါမင်းနဲ့ထက်မပတ်သတ်ချင်တော့ဘူး"

"အဲ့ဒါဖြစ်နိုင်မယ်လို့ မင်းထင်လား"

ပြောပြီးတာနဲ့ တုန်ဖန့်ရှောင်က သူ့အဝတ်အစားတွေကို စုတ်ဖြဲလာတယ်။လောင်ထန်းစရုန်းဖို့ကြံပေမဲ့ ကလေးတွေအခန်းနဲ့ကပ်လို့နေတာကြောင့် သူတခြားအသံဆူဆူညံညံမလုပ်ရဲ။ဒါမဲ့တုန်ဖန့်ရှောင်ကဒီထက်ပိုတာမျိုးလုပ်မလာပဲ လောင်ထန်းအဝတ်ကိုချွတ်လိုက်ပြီး လောင်ထန်းဗိုက်ပေါ် သူ့လက်ကိုတင်ကာ

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now