48

1.2K 152 0
                                    

[Unicode]
Chapter-48 (နာကျင်မှု)

လောင်ထန်း ကို ကုသခန်းထဲထည့်လိုက်ပြီးနောက် တုန်ဖန့်ရှောင် တစ်ယောက် ချက်ချင်းပဲ အမြန်ဆုံးနှုန်းအမြင့်ဆုံးနဲ့ယာဥ်ပျံကို ဆေးရုံဆီဦးတည်မောင်းသွားတော့တယ်။ကုသခန်းထဲရောက်တော့ လောင်ထန်း နည်းနည်းတော့သက်သာသွားပေမဲ့ နာနေတာကတော့လျော့ကျမသွား။

သူ့ခေါင်းတွေမူးနေတယ်။ခဏလေးအတွင်းမှာပဲ သူပထမဆုံး Star Diamond ကိုတည်ထောင်ခဲ့တာတွေ ၊ တုန်ဖန့်ရှောင် ကြောင့် ကိုယ်ဝန်လွယ်ခဲ့ရတာတွေ ၊တုန်ဖန့်ရှောင် နဲ့အတူလက်ထပ်စာရင်းသွင်းခဲ့တာတွေ ၊ နောက်ဆုံး တုန်ဖန့်ရှောင် ပြောခဲ့တဲ့ ဝမ်းနည်းဖို့ကောင်းတဲ့စကားတွေကအစ မှတ်ဥာဏ်ထဲ မီးမောင်းထိုးပြလိုက်သလို ဝင်ရောက်လာတယ်။

တုန်ဖန့်ရှောင် ကသာ ခြိမ်းခြောက်သူဖြစ်ပြီး သူကသာ လောင်ထန်း ကိုကိုယ်ဝန်ဆောင်စေသူ လက်ထပ်ခဲ့သူဖြစ်ကြောင်းကို လောင်ထန်း ပြောပြခဲ့ပေမဲ့ တုန်ဖန့်ရှောင် ကတော့ မယုံခဲ့ဘူး။ဒီနေ့လိုအခြေအနေမှာ တုန်ဖန့်ရှောင် ဘက်ကပြောလာတဲ့စကားတွေက သူ့အတွက်လက်ခံလိုက်ဖို့ခက်ခဲလွန်းတယ်။

သူတို့ဆေးရုံဆီရောက်တော့ တုန်ဖန့်ရှောင် က ကုသခန်းကိုဖွင့်ပြီး လောင်ထန်း ကို အထဲနေသယ်ထုတ်လိုက်တယ်။ပွေ့အသယ်ခံရင်း လောင်ထန်းညည်းညူသံကိုကြားတော့ တုန်ဖန့်ရှောင် မျက်နာတွေမဲတက်လာကာ ဆေးရုံထဲကို ခြေလှမ်းမြန်မြန်နဲ့ဝင်ရောက်သွားတယ်။

သူနာပြုစက်ရုပ်က ချက်ချင်းပဲ ဆေးရုံထဲကကုသခန်းကိုတွန်းထုတ်လာတယ်။လောင်ထန်းလည်း နာကျင်မှုကြောင့် မျက်လုံးတွေပိတ်ထားပေမဲ့ ကုသခန်းတံခါးကိုပိတ်ချလိုက်တဲ့အချိန်မှာ လောင်ထန်း မျက်လုံးတွေပွင့်လာကာ တုန်ဖန့်ရှောင် နဲ့မျက်လုံးချင်းစုံကာကြည့်နေမိတယ်။ တုန်ဖန့်ရှောင် ကတော့ ဘာခံစားချက်မှမရှိတဲ့မျက်နာသေအတိုင်းသာ ပြန်ကြည့်နေတယ်။

လောင်ထန်း သူ့မျက်လုံးတွေကိုပိတ်ချလိုက်တယ်။တုန်ဖန့်ရှောင် ကတော့ ဆရာဝန်နဲ့ဆွေးနွေးခန်းထဲဝင်သွားတဲ့အထိ ဆက်ကြည့်နေခဲ့ပြီး  အဲ့နောက်မှအကြည့်ရပ်သွားကာ မျက်ခုံးတွေကတွန့်ကွေးလာတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now