75

776 112 0
                                    

[Unicode]
Chapter-75  (အချပ်ပို: လူဆိုးသွမ်း တုန်ဖန့် နှင့် လူလိမ္မာလေး လောင်...အပိုင်းနှစ်)

လောင်ထန်း တံခါးကိုတွန်းဖွင့်လိုက်ချိန် တုန်ဖန့်ရှောင် က အိပ်ပျော်နေတာဖြစ်ပြီး တံခါးဖွင့်သံကြားလိုက်ရတာကြောင့် မျက်စိဖွင့်ကြည့်ကာ လောင်ထန်း ကို မြင်ပြီး ပြန်အိပ်ဖို့ပြင်တော့တယ်။

တုန်ဖန့်ရှောင် က အမြဲတမ်းဒီလိုပုံစံနေတတ်ပေမဲ့ လောင်ထန်း ကတော့ အမြဲတမ်းဆိုသလို ထိုသူ့ရဲ့လျစ်လျူရှုခံနေရတာကိုမုန်းမိတယ်။တုန်ဖန့်ရှောင် မျက်လုံးထဲမှာ သူကဘာမှမဟုတ်တဲ့သူ၊ သူအပြုအမူတွေက ဘယ်လိုသက်ရောက်မှုမှ ရှိမနေတာမျိုးတွေ...

လောင်ထန်း လျှောက်လာပြီး တုန်ဖန့်ရှောင် ပေါင်ပေါ်ကိုထိုင်ကာ ရင်အုပ်ပေါ်လှဲမှီလိုက်တော့ တုန်ဖန့်ရှောင် က သူအိပ်နေတာကို နှောင့်ယှက်နေတဲ့ထိုလူသားလေးကို မျက်လုံးဖွင့်ကြည့်လာတယ်။

"တစ်ခုခုဖြစ်လို့လား"

တုန်ဖန့်ရှောင် မေးတော့ လောင်ထန်း တစ်ယောက် ထိုလူလည်ပင်းကိုဆွဲဖက်ကာ

"ကျွန်တော် ပုယု ကို တွေ့ချင်တယ်"

"ဒါဆိုသွားတွေ့လေ"

လောင်ထန်း လည်း ထိုလူရဲ့အပြုအမူတွေက အရင်ကနဲ့မတူတာကြောင့် ကြောင်အသွားတယ်။ထို့နောက် လောင်ထန်း ခေါင်းမော့ကာ တုန်ဖန့်ရှောင် ကို နမ်းလိုက်ပေမဲ့  တုန်ဖန့်ရှောင် က ပြန်မတုန့်ပြန်ပေးတာကြောင့် လောင်ထန်း စိတ်အနှောက်အယှက်ဖြစ်သလိုခံစားလိုက်ရတယ်။ဒါဘာသဘောလဲ...အခုသူ့ဘက်ကအစပျိုးပြန်တော့လည်း မလိုချင်သလိုပုံစံကြီးလုပ်လို့နေပြန်တယ်။

ဒါကြောင့် လောင်ထန်း နမ်းရုံတင်မကဘဲ လက်နှစ်ဖက်ကိုပါ သုံးလိုက်တယ်။ထိုအထိအတွေ့ကနေတဆင့် တုန်ဖန့်ရှောင် ကို နှိုးဆွဖို့သိပ်မကြာလိုက်ဘဲ တုန်ဖန့်ရှောင် က သူ့ကိုပင့်မကာ သူ့ခါးတွေကိုတင်းတင်းကျပ်ကျပ်ဖက်လာပြီးနောက် လောင်ထန်း ကို ပိုနက်နက်နဲနဲနမ်းလာပေမဲ့ ဒီတစ်ကြိမ်မှာတော့ အစကနေအဆုံးအထိ သူ့မျက်လုံးကိုမမှိတ်ပေ။လောင်ထန်း က ဒါကိုမြင်တော့ အံ့သြသွားပြီး သူ့ဘာသာမျက်လုံးမှိတ်ထားရုံသာတတ်နိုင်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now