[Unicode]
Chapter-63 (ရှေ့ကိုရှု့လို့ ပြောစရာမရှိ)လောင်ထန်း တုန်ဖန့်ရှောင် အခန်းထဲကနေ တုန်တုန်ယင်ယင်နဲ့ထွက်လာကာ တံခါးကိုကိုင်ထားမိတယ်။သူ ညအိပ်ဝတ်စုံကိုသာဝတ်ထားပြီး ဆံပင်မှာလည်း ချွေးတွေနဲ့စိုရွဲနေပေမဲ့ မျက်လုံးတွေကတော့ အားနည်းမနေဘဲ သန်မာနေတုန်းပင်။
"တုန်ဖန့်ရှောင် ခွေးကောင်"
လောင်ထန်း တိုးလျလျကျိန်ဆဲလိုက်ပြီးမှ သူ့အခန်းဆီကိုပြန်လျှောက်သွားတယ်။အိပ်ယာပေါ်ကို လှဲချလိုက်ကာ.. တုန်ဖန့်ရှောင် က လူတစ်ယောက်တောင်မဟုတ်လောက်အောင် သူ့လိုအင်ဆန္ဒကိုပဲ သူသိတဲ့လူစားသာဖြစ်တယ်။
ဒါပေမဲ့ နောက်တစ်ရက်မှာ သူ့ရဲ့နောက်ကလေးတစ်ယောက်နဲ့တွေ့ခွင့်ရဖို့အတွက် ဒီည တုဖန့်ရှောင် ပါးစပ်ကနေ သူပြေးမလွတ်ခဲ့။နောက်ဆုံးမှာတော့ သူ့ရဲ့ အယ်လ်ဖာငယ်လေးနာမည်ကိုသိခဲ့ရတယ်...တုန်ဖန့်ပုယူ
ဘယ်လိုလူက သူ့ကိုတောင်မပြောဘဲ နာမည်ရွေးခဲ့လဲဆိုတာ သူစဥ်းကိုမစဥ်းစားတတ်ပေ။ဒါကိုတွေးပြီး လောင်ထန်း အနေနဲ့ တုန်ဖန့်ရှောင် ကို သူ့စိတ်ထဲ မကျိန်ဆဲမိပဲမနေနိုင်။
အဲ့နောက်မှာတော့ သူခွန်အားတချို့ပြန်ရလာပြီဖြစ်ပြီး ရေချိုးရန် ရေချိုးခန်းဆီ ထွက်သွားတော့တယ်။တခြားအခန်းမှာတော့ တုန်ဖန့်ရှောင် တစ်ယောက် အငွေ့တလူလူထွက်နေသော ဆေးလိပ်ကိုကိုင်ကာ တစ်ခုခုကိုတွေးလို့နေတယ်။ ဒီည လောင်ထန်း နဲ့ကုန်ဆုံးခဲ့ချိန်မှာ သူ့မှတ်ဥာဏ်ထဲ လောင်ထန်း ရဲ့ တချို့သောကုတ်ရာမျိုး ပြန်မြင်ယောင်လာတယ်။သေချာပေါက် အဲ့မှတ်ဥာဏ်တွေက အခုချိန်မှာသူ့ကို လောင်ထန်း ပြန်တုန့်ပြန်တုန်းကနဲ့တပုံစံတည်းပင်။
ဒါပေမဲ့ ခံစားချက်ကတော့ မတူ။သူ့မှတ်ဥာဏ်ထဲမှာရှိတဲ့ ငယ်ရွယ်မှုနဲ့ တက်ကြွမှုအပြည့်ရှိနေတဲ့ လောင်ထန်း ကသာ သူ့ကိုပိုစိတ်ဝင်စားစေတာဖြစ်ပြီး ဒီနေ့ မှာ ပိုပြီး ထိန်းချုပ်နိုင်စွမ်းကင်းမဲ့စေခဲ့တယ်။
ပြောရမယ်ဆိုရင် တုန်ဖန့်ရှောင် က မှတ်ဥာဏ်တွေပြန်မရသေးပေ။ဘယ်လိုပဲဖြစ်ဖြစ် သူလုပ်ချင်တာသူလုပ်နိုင်ပြီး သူ့မှတ်ဥာဏ်ပြန်ရရ မရရ သူ့အနေနဲ့ဘာမှ ကွာခြားမသွား။
YOU ARE READING
အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)
Fantasyဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ်... #MyanmarTranslation #One_One #ABO World