15

3.7K 515 13
                                    

[Zawgyi]
Chapter-15 (ရေချိုးမယ်)

အားရပါးရငိုပြီးသည့်နောက် တုရှန်း စိတ်ပြန်ငြိမ်သွားကာ ယန်ကျိ ရင်ခွင်ထဲကနေ ထွက်လာပြီး ရှက်ဝဲဝဲနဲ့မျက်ရည်တွေကို သုတ်နေတယ်။

"ကျေးဇူးပါ အရှင့်သား"

တုရှန်း ရိုးရိုးသားသားနဲ့ကျေးဇူးတင်စကား ပြောလိုက်တယ်။ ယန်ကျိ ရဲ ရင်ခွင်ထဲကနေ တုရှန်း ထွက်သွားချိန် တစ်ခုခုဆုံးရှုံးသွားသလို ယန်ကျိ ခံစားလိုက်ရတယ်။

"ကိုယ်မင်းအတွက် တခြားခန်းပြင်ပေးဖို့ သူတို့ကိုပြောထားတယ်။  သွားအနားယူလိုက်ဦး။ကိုယ်ဒီနေရာကို ရှင်းလိုက်မယ်"

ယန်ကျိ ပြောတော့ တုရှန်း ခေါင်းငြိမ့်ပြနေချိန်မှာပဲ ယန်ကျိ ဆိုဖာပေါ်က စောင်ကို ရုတ်တရက်ကောက်ယူကာ တုရှန်း ကိုယ်ပေါ်ခြုံပေးလိုက်တော့မှ တုရှန်း ရဲ့ အဝတ်အစားတွေက  လောင်ကျားကြောင့် စုတ်ပြဲသွားမှန်း သတိရတော့တယ်။သူ့အပေါ်ပိုင်းတခုလုံးက ဘာမှဝတ်မထားလုနီးပါးဖြစ်နေတယ်။အခုချိန်မှာ တခြားအရာထက် သူ့ကိုယ်သူ အရမ်းလန့်သွားတယ်။

တုရှန်း ရဲ့ မျက်နှာလေးက တဖြည်းဖြည်း ရဲတွတ်လာပြီး ခန္ဓာကိုယ်ပေါ်ကစောင်ကို ဆွဲယူကာ တစ်ကိုယ်လုံးလုံအောင်ပတ်ပြီး ထုတ်ပိုးထားတော့တယ်။

"ကျွန်တော်သွား...သွားဦးမယ်နော် အရှင့်သား"

တုရှန်း ကမန်းကတမ်းနဲ့ အခန်းထဲကပြေးထွက်သွားတော့မှ ယန်ကျိ မျက်နှာက ချက်ချင်းမဲမှောင်လာကာ ကြမ်းပေါ်မှာရှိနေတဲ့ လော်ဂါကောင်ဆီ လျှောက်သွားပြီးနောက် ထိုလော်ဂါကောင်ရဲ့ခေါင်းကို ခြေထောက်တစ်ဖက်နဲ့ဖိချေပစ်တော့တယ်။

သူမှန်းတာမမှားဘူးဆိုရင် နောက်ဆုံးတစ်ခါသူအတိုက်ခံရတုန်းက လော်ဂါတွေ ဒီစစ်သားကိုသတ်ပြီးသားနေမယ်။ပြီးတော့ သူမမှတ်မိအောင် ဒီလူကိုဖုံးကွယ်ထားပြီး ဘေးမှာသူလျိုအနေနဲ့ရှိနေတာဖြဝ်လိမ့်မယ်။ သူ့မှာ အဖွဲ့တွေအများကြီးရှိတာမို့ လော်ဂါတွေဘယ်လောက်ထိ သတင်းအချက်အလက်တွေရထားမှန်း ယန်ကျိ မခန့်မှန်းနိုင်သေး။သူလျှိုတွေရှိတာက အများကြီးမကလောက်ဘူး။ သူအခုအချိန်ကစပြီး သေချာစစ်ဆေးမှဖြစ်တော့မယ်။  စစ်ဆေးလို့ ဖုံးကွယ်ထားတာကိုမသိနိုင်ဘူးဆိုတောင် စစ်ဆေးရေးကိရိယာသုံးပြီးရှာဖွေမှဖြစ်မယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now