71

1.2K 151 0
                                    

[Unicode]
Chapter-71 (အထွဋ်အထိပ်ရောက်ရှိခြင်း)

ကျိယောင် နောက်ဆုံးပြိုင်ပွဲစဥ်မှာ ယှဥ်ပြိုင်သူတစ်ယောက်ချင်းစီကို အချိန်တစ်ခုစီလွတ်လွတ်လပ်လပ်သတ်မှတ်ကာယူစေပြီး အလွန်အထိမခံတဲ့အရေပြားရဲ့ ပြဿနာအတွက် သင့်တော်တဲ့ skin care ထုတ်ကုန်တစ်ခုပြုလုပ်ပေးရမှာပဲဖြစ်ကာ အကျိုးရလဒ်ရှိတဲ့အပေါ်မူတည်ပြီး ရမှတ်ကိုသတ်မှတ်ပေးသွားမှာပဲဖြစ်တယ်။ဒီခေါင်းစဥ်က ပြိုင်ပွဲဝင်သူတွေအတွက် လွယ်ကူတဲ့တာဝန်တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အသေးစိတ်လုပ်ကိုင်ရကာ အရမ်းကိုရှုပ်ထွေးလွန်းတယ်။

ပြိုင်ပွဲတင်နှစ်ယောက်က တု မျိုးရိုးနာမည်ရှိကာ အရင်ကတစ်ခါမှမရှိခဲ့ဖူးတဲ့ အသစ်အဆန်း ပွဲစဥ်တစ်ခုလို့ဖြစ်လို့နေတယ်။ထပ်ပေါင်းထည့်ပြောရမယ်ဆိုလျှင် တုရှန်း ဆိုသည်မှာ ဆွေးနွေးပြောဆိုကြတဲ့လူတွေထဲက ထိပ်တန်းနာမည်တစ်ခုဖြစ်ကာ ဒီပြိုင်ပွဲစတည်းက ပွဲကြည့်ပရိတ်သတ်တွေရဲ့ အကဲဖြတ်အမှတ်က မြှင့်လို့နေတယ်။

တုမု တစ်ယောက် တုရှန်း ကိုကြည့်ကာ

"ဒီတစ်ခေါက် ဘယ်သူပဲချန်ပီယံဖြစ်ပါစေ တုမိသားစုကတော့ အနိုင်ရသူဖြစ်မှာပဲ။တုရှန်း ကလည်း တုမိသားစု ကပဲမလား။star Diamond ကလည်း အရည်အချင်းရှိပေမဲ့ မင်း ငါတို့ရုံးချုပ်ဆီ ပြန်လာချင်လား"

ဒါကို တုရှန်း ကြားတော့ ခေါင်းခါလိုက်ပြီး

"တုမိသားစုက တုမိသားစု ကျွန်တော်က ကျွန်တော်ပါပဲ"

တုရှန်း စကားတွေက တည့်တိုးဆန်ကာ အဓိကနေရာကိုထိသွားတာကြောင့် တုမု သွားကိုသာတင်းတင်းကျိတ်ထားမိတယ်။ပွင့်ပွင့်လင်းလင်းပြောရရင် တုရှန်း ရဲ့အရည်အချင်းနဲ့ပတ်သက်ပြီး လုံးဝကိုပြတ်ပြတ်သားသားသိထားပြီးဖြစ်တယ်။အဲ့လိုကြောင့်သာမဟုတ်ရင်
မစ္စဝမ် အရင်ပွဲမှာလုပ်ခဲ့တဲ့လုပ်ရပ်ကို သူမျက်နှာလွှဲထားခဲ့မှာမဟုတ်။သူ့အနေနဲ့ တုရှန်း ကို ကျိန်းသေ တုမိသားစုအတွက် ပြန်လာရန်လိုချင်ခဲ့တယ်။အရင်ကတော့ သူက ယန်ချူး အမိန့်ကိုသာ နာခံပြီးလုပ်ခဲ့ပေမဲ့ အခုသူကိုယ်တိုင်ကိုက လိုလိုချင်ချင်လုပ်ခဲ့တာဖြစ်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now