82

714 87 1
                                    

[Unicode]
Chapter-82 Extra: ဘာရီ နဲ့ တုရှောင် ခွေးနဲ့ဝံပုလွေစုံတွဲ အပိုင်းသုံး

တုရှောင်တစ်ယောက်ကတော့ ဘာရီသူ့ကြောင့်အိပ်မပျော်ဖြစ်နေတာကိုမသိပေ။သူအခု ဘာရီကိုကြိုးစားပမ်းစားလိုက်ရှာလို့နေပေမဲ့ ဘာရီကိုယ်တိုင်ကပုန်းလို့နေချင်တာဖြစ်တာမို့ ဘယ်လိုလုပ်ပြီးသူအလွယ်တကူရှာတွေ့နိုင်ပါ့မလဲ။

ဒါကြောင့်တုရှောင် တာမီနယ်ကိုထက်ထုတ်လိုက်ပြီး အသံမက်ဆေ့စပို့တော့တယ်။

"ချစ်လှစွာသောဘာရီရေ ဘယ်ရောက်နေလဲကွာ ကျွန်တော့်မှာ ခွင့်ကသုံးရက်ပဲရတာဗျ အခုကျွန်တော်အချိန်တရက်ကုန်သွားပြီ ကျန်တဲ့နှစ်ရက်ကိုဒီလိုပဲကျွန်တော့်ကိုပစ်ထားတော့မှာတော့မဟုတ်ပါဘူးနော် ခဗျားရဲ့အချိန်တိုင်းကိုဒီလိုပဲပြေးနေရင်းကုန်ဆုံးတော့မလို့လား"

တုရှောင်နောက်ထက်စကားနည်းနည်းထက်ဖြည့်လို့ပြောလိုက်သေးတယ်။ပြောလို့ပြီးသွားတော့ သူ့အာခြောက်လာတယ်။သူဘာရီကိုပြန်တွေ့နိုင်မဲ့ရက်အထိမစောင့်ချင်သလို သူလက်လဲမလျော့ချင်။ရေနည်းနည်းလောက်သောက်ပြီးနောက် သူနောက်ထက်အသံနဲ့စာထက်ပို့ပြန်တယ်။သူအခုဘယ်နေရာမှာမှ ဘာရီကိုရှာမတွေ့တာမို့ ဒီနည်းလမ်းကသာ သူ့ရဲ့အချစ်နာကျလို့နေတာကိုဖြေရှင်းနိုင်မဲ့ တခုတည်းသောနည်းလမ်းပင်။

ဒီလိုနဲ့ ဒုတိယနေ့ကိုရောက်လို့လာတယ်။တုရှောင် ခေါင်းကိုကိုင်ရင် တာမီနယ်ကို မျက်နာသေနဲ့စိုက်ကြည့်နေမိတယ်။ ရုတ်တရက် သူ့တာမီနယ်မြည်သံထွက်လာချိန် တုရှောင်အကြည့်တွေလဲထိုဟာနောက် အာရုံရောက်လို့သွားတယ်။သူတာမီနယ်ကိုချက်ချင်း ဖွင့်လိုက်ချိန် ဘာရီလဲသူ့ဆီစာပို့လို့ထားတာကိုတွေ့လိုက်ရတယ်။

"ခွေးကောင် မင်းလာကြည့် ငါမင်းခြေထောက်တွေကိုရိုက်ချိုးပစ်ဦးမယ်"

ထိုစာက စိတ်ဆိုးနေတဲ့စာဆိုပေမဲ့ တုရှောင်ကတော့ ပန်းနဲ့ပေါက်သလို ရယ်မောနေတော့တယ်။ထိုစာကို တားဂတ်ထားကာကျနေတဲ့စိတ်ဓာတ်တွေကိုရပ်လိုက်ပြီး တုရှောင် ယာဥ်ပျံဆီပြေးကာ တနေရာဆီဦးတည်မောင်းနှင်လာတော့တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Waar verhalen tot leven komen. Ontdek het nu