13

3.7K 479 6
                                    

[Zawgyi]
Chapter-13 ( ချောင်းကြည့်ခြင်း)

တုရှန်း ရဲ့ဟင်းပွဲတွေစားပွဲအရောက်မှာပဲ အစားတိုက်ပွဲစတင်တော့တယ်။ တုရှန်း တူကိုကောက်ကိုင်ရုံ ရှိသေးပေမဲ့ လေထဲမှာတော့ များစွာသောတူတွေ ပျံနေတာကိုမြင်လိုက်ရပြီးနောက် မီးဖိုချောင်ထဲထပ်သွားရဦးမဲ့ ခံစားချက်ကရနေပြီ။

"ထပ်သတိမေ့နေပြန်ပြီလား မြန်မြန်စား"

ယန်ကျိ အစားတိုက်ပွဲကိုခဏရပ်ကာ တုရှန်း ကိုသတိပေးလာတယ်။တုရှန်း ခေါင်းကိုငုံ့လိုက်တဲ့အချိန်မှာတော့ သူ့ပန်းကန်ထဲမှာ ဟင်းတွေပုံထားပြီးသားဖြစ်နေတာကိုမြင်လိုက်ရတယ်။

ယန်ကျိ က သူ့အတွက်ထည့်ပေးထားတာလား ။ တုရှန်း ရင်ထဲနည်းနည်းတော့ ကြည်နူးသွားရတယ်။

"ကျေးဇူးနော် "

လို့ တိုးတိုးလေးပြောလိုက်ပြီး တူကိုကိုင်ကာ စစားတော့တယ်။ယန်ကျိ ဘေးက ဘာရီ ကတော့ ဒီမြင်ကွင်းကိုမြင်ပြီး အေးစက်စက်နဲ့ကြည့်ကာ ချက်ချင်းပဲထထွက်သွားတယ်။

ဆူညံ့နေတဲ့ညစာစားချိန်ပြီးသွားတဲ့နောက်မှာ ယန်ကျိ နဲ့ တုရှန်း တို့ အတူတူ အခန်းဆီပြန်ကြချိန် ဘာရီ က ယန်ကျိ ကို လမ်းမှာတားတယ်။

"မင်းသား ကျွန်တော်မင်းသားနဲ့ဆွေးနွေးစရာရှိလို့"

ယန်ကျိ ရပ်သွားပြီး

"ဘာကိစ္စလဲ"

ယန်ကျိ မေးတော့ ဘာရီ လည်း တုရှန်း ကိုတချက်လှမ်းကြည့်ပြီး

"ကျွန်တော်ပြောမဲ့ကိစ္စကို အင်ယာပါကြင်ယာတော်အနေနဲ့ နားထောင်ဖို့သင့်တော်မယ်မထင်ဘူး ။ ဘယ်လို့လဲဆိုတော့ ကြင်ယာတော်က တိုက်ပွဲကိုတခါမှမရောက်ဖူးဘူးမလား"

သူတို့စစ်ပွဲနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးမယ် ဆိုတဲ့အကြောင်းကြားပြီး တုရှန်း အရင်ထွက်သွားတော့ ယန်ကျိ က တုရှန်း ရဲ့ နောက်ကျောကိုကြည့်နေပြီး ခဏကြာတော့မှ ဘာရီ ကို အေးစက်စက်စိုက်ကြည့်ကာ

"အခုလက်ရှိအခြေအနေမှာ ဘယ်လိုအရေးတကြီးကိစ္စမျိုးမှရှိမနေဘူးဆိုတာ ငါသိတယ်။ တကယ်လို့ရှိတယ်ဆိုရင်တောင် ငါ့ထက်  မီလာ ကိုရှာတာက မင်းအတွက် ပိုသင့်တော်လိမ့်မယ်"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now