74

946 103 0
                                    

[Unicode]
Chapter-74 (အချပ်ပို: လူဆိုးသွမ်း တုန်ဖန့် နှင့် လူလိမ္မာလေး လောင်...အပိုင်းတစ်)

လူသားတွေရဲ့နှလုံးသားက အသွေးအသားနဲ့ဖန်တီးထားတာဖြစ်ပြီး အချိန်ပေါ်မူတည်ကာ နူးညံ့တဲ့နှလုံးသားတစ်စုံကလည်း ဘယ်လောက်ထိမာကြောသွားနိုင်လောက်မလဲ။ အထူးသဖြင့် တစ်နေ့တစ်နေ့ တုန်ဖန့်ရှောင် ပေးတဲ့အပြစ်ဒဏ်ကိုခံယူရရင်း လူကဘယ်လောက်အထိ ထုံထိုင်းသွားလောက် လဲ..

လောင်ထန်း နှင့် တုန်ဖန့်ရှောင် တို့ အတူနေလာခဲ့တာက နှစ်နှစ်ဆိုတဲ့ကာလကိုရောက်ခဲ့ပြီဖြစ်တယ်။ရှင်းရှင်း နဲ့ ပုယု တို့လည်း နှစ်နှစ်သားအရွယ်ကိုရောက်လာခဲ့ပြီဖြစ်တယ်။ လောင်ထန်း  တစ်ယောက် ပုယုလေး ကို တစ်ပတ်တစ်ခါမြင်ခွင့်ရတဲ့အနေအထားကနေ နေ့တိုင်းမြင်ခွင့်ရတဲ့အနေအထားဆီကို ပြောင်းလဲလာပြီပဲဖြစ်တယ်။သေချာပေါက် ပုယု ကိုတွေ့ခွင့်ရဖို့အတွက် သူပေးဆပ်ရတဲ့တန်ဖိုးကလည်း ပြောင်းလဲမသွားပေ။သူနဲ့ တုန်ဖန့်ရှောင် တို့ကလည်း ပိုပိုပြီးအံဝင်ခွင့်ကျဖြစ်လို့လာကာ တခါတလေများဆိုရင် လောင်ထန်း မှာ သူနဲ့ တုန်ဖန့်ရှောင် ကြားကဖြစ်ပျက်ခဲ့သမျှကိုပါ မေ့နေတတ်တယ်။

ဒါပေမဲ့ အဲ့ဒါက တုန်ဖန့်မိသားစု ဆက်ဆံသူလေ့ကျင့်ရေးစတင်ပြီးနောက်မှာတော့ လောင်ထန်း ရဲ့ နှလုံးသားထဲထပ်ပြီး မဲမှောင်လာပြန်တယ်။သူဘယ်တော့မှ တုန်ဖန့်ရှောင် ကို ခွင့်မလွှတ်နိုင်ဘူးဆိုတာ နားလည်လိုက်ရတယ်။

"သူအခုမှ နှစ်နစ်ကလေးပဲရှိသေးတာလေ။  မင်းဘယ်လိုလုပ်ပြီး သူ့ကို ဒီလိုအရာတွေသင်စေရပြန်တာလဲ"

လောင်ထန်း တစ်ယောက် တုန်ဖန့်ရှောင် ကို ဒေါသတကြီး ကြည့်လိုက်တယ်။တုန်ဖန့်ရှောင် မတ်တပ်ရပ်ကာ သူ့ရှေ့ကိုလျှောက်လာတယ်။

"ဒါအတွေ့အကြုံယူဖို့ပဲလေ။  မဟုတ်ရင် သူဘယ်လိုလုပ်ပြီး တုန်ဖန့်မိသားစု ကို တာဝန်ယူနိုင်မှာလဲ"

တုန်ဖန့်ရှောင် က မျက်နှာသေနဲ့ပြောလာတယ်။သူကိုယ်တိုင်တောင် ဒီလိုခံစားချက်မဲ့ ပုံစံမျိုးဖြစ်လို့နေတာ။ သူ့လုပ်ရပ်တွေက မှားနေတယ်လို့လည်း သူတစ်ခါမှ မခံစားခဲ့ရဖူးလား။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now