36

2.3K 308 4
                                    

[Unicode]
Chapter-36 (ဒူးထောက်ခြင်း)

တုန့်ဖန့်ရှောင် ရဲ့ စကားကိုကြားတော့ လောင်ထန်း  တာမီနယ်ကိုတိုက်ရိုက်ထိုးချပစ်လိုက်တော့တယ်။ဘာလို့ တုန်ဖန့်ရှောင် က ဒီလိုစကားမျိုးပြောနိုင်ရတာလဲ။သူ့ကိုယ်သူ ငါ့ဘဝကို ထိန်းချုပ်နိုင်တယ်လို့ ထင်နေတာလား...

လောင်ထန်း ဘဝထဲကိုဝင်လာတဲ့ အသက်ကလေးတွေအတွက် လောင်ထန်း ပျော်မနေခဲ့ပေ။သူ့ဘဝမှာ Star Diamond ရှေ့ရေးကိုပဲကြည့်နေခဲ့ပြီး ဘီတာတွေကို အညတရလေးတွေလို့ထင်နေတဲ့ တချို့အယ်လ်ဖာတွေ၊အိုမီဂါတွေမြင်အောင် သက်သေပြချင်ခဲ့ပေမဲ့ တစ်ကယ့်တစ်ကယ်ကျတော့ အတွေးနဲ့တခြားစီဖြစ်လာပြီး တုန်ဖန့်ရှောင် ရဲ့ကလေးကို လွယ်ထားရလိမ့်မယ်လို့ တွေးတောင် မတွေးထားခဲ့မိဘူး။သူဒီမြို့တော်ကိုရောက်ပြီးတည်းက အဲ့ဒီအယ်လ်ဖာက သူ့ဘဝကို ကျူးကျော်လာတဲ့ အန္တရာယ်ရှိလူသားတစ်ဦးဖြစ်တယ်။

ထိုကိစ္စတွေကြောင့်ပဲ လောင်ထန်း တစ်ယောက်တည်း ရုံးခန်းထဲမှာလော့ချထားပြီး ဆိုဖာပေါ်မှာ နေနေခဲ့တာက အပြင်ကတံခါးခေါက်သံကိုကြားရပြီး မနိုးလာခင်အထိပဲဖြစ်တယ်။သူ့အတွင်းရေးမှုးကို လာမနှောက်ယှက်ဖို့ သူကျိန်းသေပြောထားပါတယ်။

ထို့နောက် သူ တံခါးရှေ့မှာ ရပ်လိုက်ပြီးနောက်

"မင်းလား တုန်ဖန့်ရှောင်"

လောင်ထန်း နက်နက်နဲနဲကြည့်ရင်းမေးလိုက်တယ်။

တစ်ဖက်တံခါးက အသံကတိတ်ဆိတ်နေရာကနေ

"ဟုတ်တယ်"

လောင်ထန်း လှောင်ပြုံးပြုံးလိုက်ပြီး

"မင်းဒီကိုလာရဲသေးတာလား"

တစ်ဖက်တံခါးက တုန်ဖန့်ရှောင် က ပြန်မဖြေလာဘဲ
"တံခါးဖွင့်" လို့သာပြန်ပြောလာတယ်။သေချာပေါက် လောင်ထန်း တံခါးဘယ်ဖွင့်ပေးပါ့မလဲ။အခုအချိန်မှာ တုန်ဖန့်ရှောင် ကို သူသတ်ချင်လောက်အောင်မုန်းနေတာကို ဘာကိစ္စကြောင့်နဲ့ သူကတံခါးဖွင့်ပေးရမှာလဲ။

တံခါးကိုလော့ချပြီး လောင်ထန်း ဖွင့်ဖို့ငြင်းဆန်နေတာကို တုန်ဖန့်ရှောင် သိထားပြီးဖြစ်တယ်။တံခါးလော့က တဖြည်းဖြည်းပျော်ကျလာတာကို လောင်ထန်း မြင်လိုက်ရပြီး ခဏအကြာမှာပဲ တံခါးကိုတွန်းပြီး တုန်ဖန့်ရှောင် ဝင်လာတယ်။လက်ထဲက သေနတ်ကိုပစ်လိုက်ပြီး လောင်ထန်း ကို ဗလာသက်သက်စိုက်ကြည့်လာတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now