73

2K 197 8
                                    

[Unicode]
Chapter-73 (ဇာတ်သိမ်းပိုင်း)

အောက်တိုဘာလမှာ တုရှန်း အိုမီဂါငယ်လေးကိုမွေးဖွားခဲ့တယ်။သူနဲ့ ယန်ကျိတို့  ထိုအိုမီဂါငယ်လေးကို ယန်လန်း လို့နာမည်ပေးပြီး အိမ်နာမည်ကတော့ လန်းလန် ဖြစ်တယ်။

တစ်ချိန်တည်းမှာပဲ Star King ယန်ခွန်း တစ်ယောက်ကတော့ တချို့အရာတွေကပြောင်းလဲလို့မရနိုင်မှန်း သဘောပေါက်လို့သွားတယ်။သူက သူ့ကိုယ်သူအရမ်းအထင်ကြီးကာ သူ့ဘဝရဲ့ပထမဆုံးတစ်ဝက်ထက် သူ့ဘဝရဲ့ဒုတိယမြောက်ကမုန်းတီးရင်းနဲ့ရှင်သန်ခဲ့ရတယ်။ယန်ကျိ အုပ်ချုပ်သူဖြစ်လာခဲ့တည်းက သူ ထွက်မပြေးခဲ့။ သူစက်ဆုပ်မုန်းတီးတဲ့ ယန်ကျိ က သူ့သားကို ယန်လန်း (လမပြည့်) ဆိုတဲ့အဓိပ္ပာယ်ရှိ အမည်ကိုပေးခဲ့ပြီး သူ့အမြင်ဖြစ်တဲ့ ယန်လန်း (လပြည့်) ဆိုတဲ့နာမည် ကိုတော့ လစ်လျူရှုကာ ဒီတိုင်းကို ဆက်ခံသူဖြစ်ကြောင်းကြေညာခဲ့လေတယ်။

"အရှင့်သား အဲ့ဒါဘာကိုပြောတာလဲ"

တုရှန်း နားမလည်ပေမဲ့ အဖေနှစ်ယောက်နဲ့ သားနှစ်ယောက်ကြားက ပြဿနာတွေက သူ့တို့ကလေးအပေါ် သက်ရောက်လာမှာကိုတော့ သူသဘောမကျပေ။

ယန်ကျိ လည်း သူ့ပခုံးကိုပုတ်ပေးကာ တုရှန်းလက်မောင်းထဲက လန်းလန် လေး ကိုကြည့်လိုက်ပြီး

"စိတ်မပူပါနဲ့။  ဒီတိုင်းစိတ်ပျက်စရာကိစ္စတွေပါ"

ယန်ကျိ ပြောလို့ပြီးတာနဲ့ လန်းလန် လေး ရဲ့ နှာခေါင်းကိုသူ့လက်နဲ့ တို့ထိလို့ကြည့်ချိန် တုရှန်းက သူ့လက်ကိုအဝေးကိုတွန်းလွှတ်လာတယ်။

"ကလေးတွေက အရမ်းနူးညံ့တယ်။  လက်နဲ့တို့ထိတာမျိုးမလုပ်နဲ့"

တုရှန်း ပြောလိုက်တော့ ယန်ကျိ လန်းလန် ကို မပျော်မရွှင်ကြည့်လိုက်တယ်။ဒီအိုမီဂါငယ်လေးမွေးလာတည်းက တုရှန်း ရဲ့အာရုံအကုန်လုံးကိုဆွဲယူလို့သွားတာပဲ။တုရှန်း က လန်းလန် အနားမှာပဲ အမြဲနေတတ်တယ်။သူ့တို့ ထိတာလေးက ဒီတိုင်းချစ်စနိုးအမူအယာဆိုပေမဲ့ သူ့သားနဲ့ယှဥ်ရင်တော့ သူဘာလုပ်လုပ် မှားသွားတော့တာပဲ...

"ရှန်းရှန်း သူအိပ်ပျော်နေပြီပဲဟာကို ချီမထားပါနဲ့တော့ ပင်ပန်းမယ်"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Hikayelerin yaşadığı yer. Şimdi keşfedin