67

1.1K 129 1
                                    

[Unicode]

Chapter-67 (လိုက်လံရှာဖွေခြင်း)

တုချိ လည်း အရင်ကတစ်ခါမှ ကလေးမချီဖူးတာကြောင့် သူ့အတွေးထဲမှာ ကလေးတွေကိုနို့တိုက်ရတာနဲ့ ဒိုက်ဘာလဲပေးရတာက ဘာမှမခက်ပါဘူးလို့တွေးခဲ့သည့်တိုင်အောင် အခုတော့ သူတကယ်ပဲ ထိပ်ထိပ်ပြာပြာဖြစ်လို့နေပြီ။ ကလေးရဲ့အနိုင်ကျင့်ခံရနေတယ်ဆိုတဲ့ အပြုအမူကြောင့် တုချိ အနည်းငယ်ရှက်လို့နေတယ်။

"အိုက်အိုက်..အို...အိုက်အိုက်လေး မငိုပါနဲ့...ထပ်ငိုရင် ပါးပါးလည်း ငိုလိုက်တော့မှာနော်"

တုချိ ယာဥ်ပျံပေါ်မှာ ငိုနေတဲ့ အိုက်အိုက် ကိုချီကာ ဟိုဒီလျှောက်နေတယ်။အိုက်အိုက်ငိုသံက တုချိ နားတွေပါအူလာကာ သူ့ရင်ထဲလည်း နာလာတယ်။ဒီပေါက်စလေးနဲ့ သူဘiာဆက်လုပ်မလဲမသိတော့။

အချိန်အတော်ကြာအောင်ချော့မြူနေပေမဲ့ အရာမရောက်တဲ့အဆုံး တုချိ အိုက်အိုက် ကို ကလေးတွန်းလှည်းထဲပြန်ထည့်ရင်း အရုပ်သေးသေးတချို့ကိုယူကာ အိုက်အိုက် ကို လှုပ်ခါပြလိုက်တယ်။အရောင်စုံလင်လှတဲ့ အရုပ်တွေက အိုက်အိုက် အာရုံကိုဆွဲဆောင်သွားနိုင်ပြီး ငိုသံကအနည်းငယ်လျော့ကျလာတယ်။လက်သေးသေးလေးနဲ့ မြှောက်ကာ လက်ငါးချောင်းမှာ တစ်ခုချင်းစီဆုတ်ဖမ်းလို့လာတယ်။

နောက်ဆုံးမှာတော့ တုချိ စိတ်သက်သာရာလို့သွားကာ အိုက်အိုက် လက်သေးသေးလေးကိုဆွဲပြီး နမ်းလိုက်ရင်း အရုပ်လေးတွေကို အိုက်အိုက် ဆီပေးလိုက်ကာ သူ့ဘာသာဆော့စေတယ်။

တုချိ လည်း ပင်ပန်းလို့နေပြီဖြစ်တာကြောင့် ကြမ်းပြင်ပေါ် အရုပ်ကြိုးပျက်ထိုင်ချလိုက်တော့တယ်။ ဒီသုံးရက်လုံး သူ့မှာ ကလေးတစ်ယောက်နဲ့ပြေးလွှားခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့ ရူချွိ  တစ်ယောက် သူယာဥ်ပျံထားတဲ့နေရာကိုသိထားတာကြောင့် သူ့ကိုယ်ပိုင်ယာဥ်ထားထားတဲ့ Star C ကနေကို မထွက်ရဲသေး။ယာဥ်ပျံနဲ့သာလျောက်ပတ်ရင်း ဘာအတွေးမှလဲမစဥ်းစားနိုင်။

အဲ့တော့ အခုသူ ယာဥ်ပျံပဲမောင်းနေရုံသာရှိကာ မြို့တစ်မြို့ဆီမှာ တစ်ရက်ထက်ပိုမနေရဲ။တစ်ချိန်တည်းမှာပဲ အိုက်အိုက် ကိုလည်း ဂရုစိုက်ရသေးတာကြောင့် ကလေးမွေးထားပြီးခါစ တုချိ တစ်ယောက် အရမ်းအလှုပ်ရှုပ်လို့နေတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now