46

1.2K 156 0
                                    

[Unicode]
Chpater-46 (သဝန်တိုခြင်း)

တုန်ဖန့်ရှောင်တစ်ယောက် အခုချိန်ထိပြန်နိုးမလာသေးပေ။အချိန်အတော်ကြာနေပြီးဖြစ်ကာ အခုထိ နိုးထမလာသေးတာကြောင့် လောင်ထန်း အေးစက်စက်မျက်နှာထားနဲ့ တုန်ဖန့်ရှောင် ရဲ့ ကုသခန်းကို ကန်လိုက်တယ်။လောင်ထန်း က အမဲရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး အောက်ကဗိုက်ကလည်း အရင်လိုချပ်မနေတော့ပေ။

"ခွေးကောင် ဘယ်လောက်ကြာတဲ့အထိအိပ်နေဦးမှာလဲ"

"သတိပေးချက် သတိပေးချက် အပြင်ဘက်က တိုက်ခိုက်နေပါတယ်"

လောင်ထန်း ရဲ့ကန်ချက်ကြောင့် ကုသခန်းဆီကအချက်ပေးသံမြည်လာတယ်။အိမ်ထိန်းစက်ရုပ်က အခန်းထဲကိုဝင်လာချိန် လောင်ထန်း ထိုအချက်ပေးသံပိတ်ဖို့ ပြောလိုက်တယ်။

"မင်းခံစားချက်တွေ ပြင်းထန်နေတယ်လို့တွေ့နေရတယ်။စိတ်အေးအေးထားဖို့ မျှော်လင့်ပါတယ်"

အိမ်ထိန်းစက်ရုပ်က ပြန်မလည့်ခင် သတိပေးလာတာကြောင့် လောင်ထန်း ခေါင်းငြိမ့်ပြလိုက်တယ်။

သူ့ရဲ့ဗိုက်ကိုပွတ်လိုက်ကာ ကုသခန်းဘေးကခုံမှာဝင်ထိုင်နေတယ်။ တုန်ဖန့်ရှောင် က မေ့မျောနေတဲ့အနေအထားမှာရှိနေပေမဲ့ ဆရာဝန်ကတော့အိပ်ပျော်နေတယ်လို့သာ မှတ်ချက်ပေးလာတယ်။ဒါပေမဲ့ ဘယ်လိုလူက ဒီလောက်အကြာကြီးမနိုးဘဲနဲ့  အိပ်ပျော်နေမှာလဲ။ဒါကိုတွေးမိရုံနဲ့တင် လောင်ထန်း ဒေါသထွက်လာတယ်။တုန်ဖန့်ရှောင်က အကြံများတဲ့သူဆိုတာ သူသိတယ်။သူ့ကိုကလေးရအောင်လုပ်ခဲ့တာက တစ်ခု ၊ လက်ထပ်ခဲ့တာကတစ်ခု ၊ ပြီးတော့ အခုရက်အနည်းငယ်ကြာတဲ့အထိလည်း သူကိုယ်တိုင်က ဒီလိုပုံစံဖြစ်နေသေးတယ်။ခွေးကောင်!!!!

"ငါမင်းကို ဟာသလုပ်ပြနေတယ်ထင်နေလား"

လောင်ထန်း မေးလိုက်ပေမဲ့ ဖြေသူမဲ့နေဆဲပင်။ထို့နောက် လောင်ထန်း ဒေါသတွေပျောက်ကွယ်သွားပြီး ပြန်တည်ငြိမ်လာတယ်။ဒါပေမဲ့ သူ့နှလုံးသားထဲက ဝမ်းနည်းမှုကတော့ မျက်ဝန်းတွေမှာပေါ်လွင်နေသေးတယ်။

တုန်ဖန့်ရှောင် က သူ့ရဲ့စိတ်ကို အကြာကြီးရှုပ်ထွေးစေတယ်။ဒါတကယ်ပဲ လမ်းအဆုံးသတ်လား။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now