5

4.7K 612 23
                                    

[Zawgyi]
Chapter 5 (အရှက်ကွဲခြင်း)

လျှောက်လမ်းတစ်လျှောက် တုရှန်း နှင့် ယန်ကျိ တို့ လက်ချင်းတွဲပြီး နန်းတော်ထဲအတူဝင်သွားပြီးချိန်မှာတော့ သတင်းထောက်တွေက ထိုလက်ချင်းချိတ်ထားတဲ့ပုံကို ချက်ချင်းတင်လိုက်ပြီဖြစ်တာကြောင့် ဘဲကြီးလည်လိမ် website အသုံးပြုသူ star C ပြည်သူတွေကတော့ ချက်ချင်းကို ရေကြီးမတတ် ဝမ်းနည်းငိုကြွေးနေကြတော့တာပါပဲ။ယန်ကျိ က ခြေထောက်မသန်မစွမ်းဖြစ်နေပေမဲ့လည်း သူ့အပေါ်မှာထားတဲ့ပြည်သူတွေရဲ့နှလုံးသားက မပြောင်းလဲသွားပေ။ယန်ကျိ အတွက် ကလေးမွေးပေးချင်ကြတဲ့ အိုမီဂါတွေဆိုသည်မှာလည်း တန်းစီလိုက်ရင်တောင် အတန်းရှည်ကြီးရှိနေတုန်းပင်။ ဘယ်သူကသိပါ့မလဲ ဒီလိုမျိုးမှေးမှိန်နေတဲ့အိုမီဂါနဲ့ အဆုံးသတ်သွားမယ်လို့။ ထပ်ပြီး ကြားမိတာက ထို အိုမီဂါက မြုံတောင်မြုံနေသေးသည်တဲ့လေ။

ထိုအရာတွေကြောင့်ပဲ တုရှန်း ကတော့ ယန်ကျိ ရဲ့ O ဖန်တွေကြားထဲမှာ အမုန်းခံဖြစ်လာခဲ့ပြီး O တွေရဲ့ အာရုံစိုက်မှုမရခဲ့ကြသည့် A တွေကြားထဲမှာတော့ သူက သူရဲကောင်းကြီးဖြစ်လာခဲ့တယ်။သိထားတဲ့အတိုင်း များစွာသော အိုမီဂါတွေက အသုံးမကျတဲ့ အယ်ဖာရဲ့ မယားကြီးဖြစ်ဖို့ထက် သန်မာတဲ့အယ်ဖာရဲ့ နဝမမြောက်မိန်းမအဖြစ်သာခံလိုက်မယ် ဆိုတာတွေကြီးပဲမလား။

နန်းတော်ရဲ့ ပစ္စည်းတွေတိုင်းက အဆင့်အတန်းအမြင့်ဆုံးတွေပဲဖြစ်ကာ ရန်သူ့ရဲ့စစ်ရုပ်တွေသာမက လက်နက်ပေါင်းများစွာကိုပါ scan ဖတ်လို့ရတဲ့အထိ အကာအကွယ်တွေထားရှိတယ်။ဟောခန်းမကြီးအဆုံးထိ ဝင်ဖို့အရေးကို တုရှန်း နဲ့ ယန်ကျိ တို့ scan ဖတ်ခံရသည်မှာ အကြိမ်ပေါင်းမနည်း။

ဘာကြောင့်ဆို ဟောခန်းမကြီးကိုဝင်တဲ့လူသားဆိုလို့ အတော်လေးရှားတာဖြစ်ပြီး ယန်ချူး နဲ့အတူ စက်ရုံအများအပြားသာရှိတာဖြစ်တယ်။

စက်ရုံစားပွဲထိုးက စားပွဲနဲ့ခုံရှိရာကိုဦးဆောင်ခေါ်သွားပေးတဲ့နောက်မှာ ယန်ကျိ တုရှန်း လက်ကိုလွှတ်ပေးလိုက်ကာ အတူထိုင်လိုက်ကြတယ်။တုရှန်း သူ့ခုံမှာဝင်ထိုင်လိုက်စဉ် သူ့မျက်နာချင်းဆိုင်မှာထိုင်တဲ့ ကျားလင် က အပြုံးလေးနဲ့နူတ်ဆက်လာတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Dove le storie prendono vita. Scoprilo ora