72

1.2K 156 0
                                    

[Unicode]
Chapter-72 (သူ့ရဲ့ အရှင်မင်းသား)

တစ်လနဲ့လဝက်ကြာချိန်မှာတော့ ကြီးကျယ်ပြီးအာဏာရှိတဲ့ ဝမ်မိသားစုက လုံးဝပြိုလဲလို့သွားပြီဖြစ်တယ်။မိသားစုတစ်ခုကို ဖျက်ဆီးလိုက်နိုင်ခြင်းက အင်အားတချို့ပြောင်းလဲလာမှုကိုပြသတာဖြစ်တယ်။ဝုမိသားစု က  ဝမ်မိသားစု နဲ့ဆွေမျိုးနီးတဲ့အတွက် ဒီအဖြစ်အပျက်မှာ အနည်းနဲ့အများဆုံးရှူံးမှုတွေရှိခဲ့လေတယ်။ဘုရင်မ ဆိုင်မွန်ဝု ကလည်း ဆယ်ရက်လောက်ထပ်ပြီးလူလုံးပြမလာတော့ပေ။

ဘယ်အရာက ပိုဟာသဖြစ်စေသလဲဆိုရင် Star King ယန်ခွမ်း က ပွင့်ပွင့်လင်းလင်းခုခံလို့လာကာ ယန်ကျိ က စစ်တပ်အာဏာကိုအလွဲသုံးစားလုပ်ပြီး Star King ရာထူးကို လုယူဖို့ကြိုးစားနေတယ်ဆိုတဲ့ ထိုလူရဲ့သေးနုပ်လွန်းလှတဲ့ စကားသာဖြစ်တယ်။

လက်ရှိနန်းတက်ဘုရင်မရာထူးရထားတဲ့ ဂါလင်ဆန်ဒါ(ကျားလင်) ကလည်း လက်ရှိလှုပ်ရှားမှုတွေကနေ ချက်ချင်းပျောက်ကွဲလို့သွားကာ တစ်နေ့သော မနက်မှာ သူရဲ့သားဖြစ်သူနဲ့အတူ နန်းတော်ကနေပါ ပျောက်ကွယ်လို့သွားတယ်။

လူတချို့ကလည်း ယန်ချူး က ယန်ကျိ ကိုအရင်တုန်းကလုပ်ကြံခဲ့ကြောင်း ၊ အခုလက်ရှိထိုအခြေအနေကြောင့် ထွက်ပြေးလို့သွားတာဖြစ်ကြောင်း ထင်ကြေးပေးလို့နေကြကာ...တချို့ကလည်း ယန်ချူး ကမသေသေးတာဖြစ်ကြောင့် ကျားလင် က ထိုလူကိုအဝေးကိုခေါ်လို့သွားတယ်လို့ဆိုပြန်တယ်။တစ်နေ့မှာတော့ ထိုလူတွေ Star C ကိုအနှောက်အယှက်ပေးဖို့ပြန်လာလိမ့်မယ်...စတဲ့ ထင်ကြေးအမျိုးမျိုးပေးကြကာ...ဘာကမှားလဲ မှန်သလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။

"မင်းသား ဒုတိယမင်းသားကအသက်ရှင်နေသေးတယ်လို့ထင်လား"

ဘာရီ က မေးလာတယ်။

ယန်ကျိ ချက်ချင်းပြန်ဖြေမလာ။ယန်ချူး အသတ်ခံလိုက်ရတယ်ဆိုတုန်းက သူ့ရဲ့အလောင်းကိုရှာလို့မတွေ့ခဲ့တာကြောင့် သူအရင်က Star D မှာကြုံတွေ့ခဲ့ရတဲ့ကိစ္စလိုမျိုးပင်။ဒါပေမဲ့ ယန်ချူး  သေသေရှင်ရှင် ဒါကသူ့အတွက်ဘာမှထူးခြားမသွားပေ။ အခုဆိုရင် Star C က ထပ်ပြီးလွယ်လွယ်ကူကူလက်ခံပေးလိမ်မည်မဟုတ် တော့။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now