79

805 103 1
                                    

[Unicode]
Chapter-79 (Extra: ရှု နဲ့ ချိ တို့ရဲ့ ဒုတိယမြောက်ကလေးအတွက် ပြင်ဆင်ခြင်း)

Star C ရှိ တိတ်ဆိတ်တဲ့နေရာလေးတစ်ခုမှာ ပန်းဆိုင်လေးတဆိုင်ရှိတယ်။ဆိုင်ပိုင်ရှင်က အိုမီဂါတစ်ယောက်ဖြစ်ပြီး ချောမောလှတဲ့ရုပ်သွင်ပြင်နဲ့အတူ ကြင်နာလှတယ်။ ယဥ်ကျေးတဲ့စရိုက်ရှိကာ လူတွေကို နွေးထွေးမှုပေးစေတဲ့ ခံစားချက်ရရှိစေတယ်။ထိုအိုမီဂါလေးမှာကလေးတစ်ယောက်ရှိပြီး နာမည်က အိုက်အိုက် ဖြစ်ကာ အရမ်းဆိုးတဲ့အပြင် အစအနောက်သန်သောကလေးဖြစ်တယ်။ပန်းဆိုင်ပိုင်ရှင်က ကလေးနဲ့မျက်နှာချင်းဆိုင်ချိန်မျိုးမှာသာ အလွန်ရန်မှုတတ်သောအပြုအမူမျိုးရှိတယ်။

"အိုက်အိုက် အောက်ဆင်းလာခဲ့စမ်း!! နင် ပါးပါးရဲ့ ပန်းတွေကို ဖျက်ဆီးပစ်နေတာပဲ"

တုချိ အရမ်းဒေါသထွက်နေကာ ဥယျာဥ်ကျောက်ဆောင်အသေးလေးအပေါ်တက်နေတဲ့ ရှုအိုက် ကို ကြမ်းကြမ်းတမ်းတမ်းအော်ခေါ်နေတယ်။

ဒီနှစ်မှာ ရှုအိုက် က သုံးနှစ်ပြည့်ပြီဖြစ်ပြီး သူမက အရမ်းကိုဆိုးသွမ်းတဲ့ ကလေးတစ်ယောက်ဖြစ်တယ်။သူမက သေချာပေါက်ကိုအိုမီဂါတစ်ယောက်ဖြစ်ပါရဲ့နဲ့ သက်တူရွယ်တူအယ်လ်ဖာတွေထက်တောင် ဆိုးနေသေးတယ်။

"မီးမီးမလုပ်ပါဘူး။ အဲ့ဟာလုပ်ရမှာ အရမ်းပျင်းဖို့ကောင်းတယ်။ပါးပါး မီးမီးဆီလာပြီး လိုက်ဖမ်း"

ရူအိုက် ဥယျာဥ်ပေါ်မှာနေပြီး မျက်နှာတင်းမာနေတဲ့ တုချိ ကို လှမ်းပြောလိုက်တယ်။

တုချိ လည်း ထိုကလေးကိုမနိုင်ပေ။သူအချိန်ကိုတစ်ချက်ကြည့်လိုက်တော့ အခုချိန်က ရူချွိအလုပ်ဆင်းချိန်ရောက်နေပြီဖြစ်တာကြောင့် သူချက်ချင်းဖုန်းခေါ်လိုက်တယ်။

"ဟေး ဘာဖြစ်လို့လဲ ရှောင်ချိ"

ရူချွိ က မေးလာတယ်။ရူချွိ က သူလုပ်ငန်းအားလုံးကို Star C ကို ပြန်ရွှေ့ထားခဲ့ပြီဖြစ်တယ်။ဘာကြောင့်လဲဆို သူ့မှာမိသားစုရှိလာတည်းက ရူချွိ တစ်ယောက် ပိုပြီးလူကြီးဆန်ကာ တက်တက်ကြွကြွရှိလာတာပဲဖြစ်တယ်။

"အိုက်အိုက် ကို လာခေါ်သွား။ သူ ငါ့ဆိုင်ကိုထပ်ဖျက်ဆီးပြန်ပြီ"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now