66

1.1K 139 0
                                    

[Unicode]
Chapter-66 (ကံဆိုးခြင်း)

ကျိယောင်ရဲ့ နောက်ဆုံးအကြိုပွဲစဥ်ကစတင်နေပြီပဲဖြစ်တာကြောင့် တုရှန်း လည်း ပွဲကျင်းပရာဟောခန်းဆီလျှောက်လာတယ်။သူ့ရဲ့ဒီတစ်ခေါက်ပြိုင်ပွဲရဲ့ ပြိုင်ဘက်က ဆမ် ဖြစ်ပြီး ဟောခန်းထဲရောက်နှင့်နေပြီဖြစ်တယ်။ဆမ် ကို လက်ဆွဲနှုတ်ဆက်ဖို့သွားလိုက်တယ်။

ဒါပေမဲ့ ဆမ် ဆိုသူက တုရှန်း ရဲ့နှုတ်ဆက်မှုကို ဂရုစိုက်မနေဘဲ လက်အိတ်အမဲကိုသာကောက်ဝတ်နေတယ်။သူ့ကိုလျစ်လျူရှုထားတာကို တုရှန်း မြင်တော့ စိတ်မဆိုးဘဲ လက်ပြန်ချကာ သူ့နေရာသူပြန်သွားလိုက်တယ်။

ဆမ် ရဲ့ပုံစံကသာမန်တွေ့နေကြ သာမညောင်လိုဆိုပေမဲ့ ထိုသူရဲ့အရှိန်အဝါကတော့ လူတွေကို အထက်စီးဆန်တဲ့ ခံစားချက်ကို ပေးနိုင်စွမ်းရှိတယ်။

ပြိုင်ပွဲစတင်တာနဲ့ နှစ်ယောက်သား ခေါင်းစဥ်ကိုယ်စီရလိုက်ကြတယ်။ဒီတစ်ခေါက် ခေါင်းစဥ်က အဆင့်မြင့်ဖော်မြူလာဖြစ်တဲ့ တုရှန်း အရင်းနှီးဆုံးအရာဖြစ်တယ်။ဒီဖော်မြူလာရဲ့ မူရင်း ဖော်မြူလာပိုင်ရှင်က တုမိသားစု ပဲဖြစ်တယ်။တုရှန်း လည်း တုမိသားစုဖော်မြူလာဆိုတာကို သိထားတာကြောင့် ဒီမေးခွန်းက သူတို့နှစ်ယောက်လုံးအတွက် မေးခွန်းကောင်းတစ်ခုဖြစ်လို့နေတယ်။နှစ်ဖက်လုံးအဖြေမှန်ရင် နောက်တစ်ပွဲက နည်းပညာနဲ့ အရှိန်နှုန်းစစ်ဆေးခံရမှာဖြစ်တယ်။

တုရှန်း မှာ စိတ်အနှောက်အယှက်ဖြစ်နေတာမျိုးမရှိ။သူအရှိန်က အရမ်းမြန်ဆန်ပေမဲ့ မသင့်လျော်တဲ့ ပြဿနာတစ်ခုကို ရုတ်တရက်တွေ့လိုက်ရတယ်။သူ့ပြိုင်ပွဲရဲ့ ထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေထဲမှာ သော့တွဲလိုအပင်မျိုးစိတ်တစ်ခု ပျောက်နေတယ်။သူ ထိုအပင်ကိုဆွဲနုတ်ထည့်နိုင်မှ ဒီဖော်စပ်နည်းရဲ့ A အဆင့်ကိုရနိုင်မှာဖြစ်တယ်။

ပြိုင်ပွဲဝင်ပစ္စည်းဆိုတာ မတူညီတဲ့လူတွေ သုံးကြိမ်သုံးခါတိတိ ပြိုင်ပွဲမဝင်ခင်စစ်ဆေးကြတာမျိုးဖြစ်တာကြောင့် အမှားအယွင်းဆိုတာမရှိသင့်။ဒါပေမဲ့ ဒီမှာတခြားအပင်အများကြီးတော့ ပျောက်နေတာမရှိပေမဲ့ ထိုတစ်ခုကတော့ပျောက်လို့နေတယ်။ဒါကြောင့် တုရှန်း ဆမ် ကို အကူအညီပေးဖို့တောင်းဆိုလိုက်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)حيث تعيش القصص. اكتشف الآن