76

790 105 0
                                    

[Unicode]
Chapter-76 အချပ်ပို: လူဆိုးသွမ်း တုန်ဖန့် နှင့် လူလိမ္မာလေး လောင်...အပိုင်းသုံး

နှစ်နှစ်ဆိုတဲ့ကာလဟာ ရှည်ကြာလွန်းသည်လဲမဟုတ်သလို တိုတောင်းတဲ့ကာလလဲမဟုတ်ပေ။တုန်ဖန့်ပုယုနဲ့ လောင်ရှင်းတို့ဟာ အခုဆိုလေးနှစ်ပြည့်ခဲ့ပြီဖြစ်ပြီး သူတို့က Star Xမှာပါ ဥာဏ်အကောင်းဆုံးကလေးလေးတွေဖြစ်နေကြပြီပဲဖြစ်တယ်။ဒါကြောင့် လောင်ထန်း ကိုယ်တိုင်ပျိုးထောင်ခဲ့တဲ့ ကလေးလေးတွေဟာ အခုဆို မူကြိုကနေ မူလတန်းအဆင့်ကို တက်ခွင့်ရလိုက်ပြီပဲဖြစ်တယ်။အခုလက်ရှိအခြေအနေလေးက သူ့အတွက်အရမ်းကို ပြည့်စုံလို့နေတယ်။သူ Star Xမှာလဲ ကုမ္ပဏီအသေးလေးဖွင့်ထားကာ သူ့အရင်စီးပွားရေးဟောင်းကိုတောင် ယှဥ်လို့ရနေပြီဖြစ်တယ်။

Star Xက လူအများစုဟာ ဘီတာတွေဖြစ်တယ် ဘာကြောင့်ဆို အယ်ဖာအများစုနဲ့ အိုမီဂါတွေက ဒီလိုခေတ်နောက်ပြန်ဆွဲ ယှဥ်ပြိုင်မှုတွေမရှိတဲ့ Star Xထက် ပိုပြီးဖွံ့ဖြိုးတိုးတက်တဲ့ဂြိုလ်ကြီးကိုသာရွေးချယ်ပြောင်းရွေ့သွားတာကြောင့်ဖြစ်တယ်။

လောင်ထန်း အချိန်ကိုတချက်ကြည့်လိုက်တယ်။ပုယုနဲ့ ရှင်းရှင်းတို့ ကျောင်းဆင်းတော့မဲ့အချိန်ရောက်လို့နေပြီမို့ သူမတ်တပ်ရပ်ကာ အဝတ်အစားလဲလိုက်ပြီး အလုပ်ဆင်းဖို့ပြင်တော့တယ်။

အာကာသထဲမှာဆိုရင် Star Xဟာ ကြယ်တွေဆီကအလင်းထွက်ပေါ်လာတဲ့ တည်နေရာပေါ်မှာရှိလို့နေတာကြောင့် ထိုကြယ်တွေကြွေကျတဲ့အခါမျိုးဆို လောင်ထန်းတို့နေရာကိုပင် ရောက်လို့လာတတ်တယ်။လူတွေကတော့ ထိုအရာကို 'ဆည်းဆာ'လို့ခေါ်ဆိုကြတယ်။

လောင်ထန်း မလှမ်းမကမ်းက ယုဟွေ့ကိုကြည့်ရင်း ယာဥ်ပျံကို မူလတန်းကျောင်းဆီမောင်းလို့လာတယ်။ရှင်းရှင်းနဲ့ပုယုဟာ အခန်းတံခါးကို လက်သေးသေးလေးနဲ့ကိုင်ရင်း သူ့ကို စောင့်လို့နေတယ်။

"ဒီနေ့ဘာလို့အစောကြီးအတန်းပြီးသွားရတာလဲ"

လောင်ထန်း ယာဥ်ပျံပေါ်ကဆင်းပြီး မေးလိုက်တော့...

"ဆရာမက ဒီမှာ မနက်ဖြန် ပိတ်ရက်ရှည်ကြီးရှိတယ်လို့ပြောတယ် အဲ့ဒါကြောင့်ဒီနေ့အစောကြီးအနားပေးထားတာ"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now