22

5.8K 606 29
                                    

[Unicode]
Chapter-22 (ဖိအားပေးခံရတဲ့ လက်ထပ်ပွဲ)

ယန်ကျိ ဆံပင်ကလွင့်နေပေမဲ့ ခန္ဓာကိုယ်ကတော့ တောင့်တင်းနေတယ်။သူ့ကိုယ်သူ ဒီအိုမီဂါနဲ့ တစ်ညလုံးအိပ်ခဲ့တယ်ဆိုတာကို လက်မခံချင်တဲ့ပုံစံနဲ့ တုရှန်း ဘက်ကိုလှည့်ကာ တုန့်ဆိုင်းဆိုင်းနဲ့နူတ်ဆက်လိုက်တယ်။

"မောနင်း"

တုရှန်း ပြုံးပြပြီးနောက် ယန်ကျိ တစ်ဖက်ကိုပြန်လှည့်သွားချိန် သူ ယန်ကျိ ရဲ့ခေါင်းကိုဖက်ပြီး အနမ်းပေးလိုက်တယ်။

"မောနင်း kiss"

ယန်ကျိ တစ်ကိုယ်လုံးပေါက်ကွဲတော့မတတ် ခံစားလိုက်ရတယ်။မနေ့က  သူရဲ့ နည်းနည်းလေးကြိုက်နေတယ် ဆိုတဲ့စကားကို တုရှန်း သိသွားအောင် မပြောပြလိုက်သင့်ဘူး။အခုဆိုရင် ဒီအိုမီဂါက တစ်လက်မစီတိုးတိုးပြီးအသားယူနေပြီ။ goodnight kiss ကနေ အခု morning kiss အထိ။

"အရှင့်သား ပြန်မနမ်းဘူးလား"

ယန်ကျိ ကို အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ တုရှန်း ကြည့်ပြီး မေးနေတာမြင်တော့ ယန်ကျိ သက်ပြင်းချကာ ခေါင်းငုံ့ပြီး တုရှန်း ကို နမ်းလိုက်တယ်။ပြီးတာနဲ့ချက်ချင်း အိပ်ယာပေါ်ကထသွားပြီး ဝှီးချဲနဲ့ ရေချိုးခန်းထဲကိုဝင်သွားတယ်။

တုရှန်း သူ့မျက်နှာကိုကာထားမိတယ်။ ယန်ကျိ ရှက်နေသလို သူကိုယ်တိုင်လည်း ရှက်နေမိတယ်။ပုံမှန်မဟုတ်ဘဲ သူ့မျက်နှာကတအားပူနေတယ်။  ဒါပေမဲ့ ဒီလိုမျိုးအခြေအနေက ယန်ကျိ အပေါ်ထားတဲ့ သူ့အချစ်တွေပိုပိုတိုးလာတယ်လို့ ခံစားနေရတယ်။ သူ နှလုံးရောဂါတစ်ခုခုများ ရနေပြီလားမသိဘူး။သားရဲလို ဆူပူတတ်တဲ့ သူ့အယ်လ်ဖာက အသောက်အစားအပျော်အပါးမမက်တာနဲ့တင် အတော်လေးလုံလောက်နေပြီ။

ယန်ကျိ ရေချိုးခန်းကနေပြန်ထွက်လာတော့ တုရှန်း က အဝတ်တွေကိုချွတ်ကာ ရေချိုးခန်းထဲဝင်သွားတယ်။အဲ့လိုနဲ့နှစ်ယောက်သား တစ်ကိုယ်ရေးသန့်ရှင်းပြီးနောက်မှာတော့ အခန်းထဲကို သန့်ရှင်းရေးစက်ရုပ်ဝင်လာတာကိုမြင်လိုက်ရတာကြောင့် တုရှန်း တစ်ယောက် ပြုံးမိတယ်။အခုမှ ယန်ကျိ နဲ့ သူနဲ့က တစ်ကယ်လက်ထပ်ထားတဲ့ ခံစားချက်အတိုင်း ခံစားနေရတော့တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now

An error has occurred. We're sorry about that!