68

1.1K 139 2
                                    

[Unicode]
Chapter-68 (စက်ဆုပ်စရာအပြုအမူ)

ဝမ်ကျူ့ တုချိ ဆီကိုလျှောက်လာတာကိုမြင်တာနဲ့ တုချိ မှာ အခန်းသော့ကိုယူဖို့ပင်မမေးနိုင်တော့။  အိုက်အိုက် ကို ချက်ချင်းဆွဲပွေ့ကာ နတ်သမီးပေါက်စလေးငိုသံကိုပင် သူဂရုစိုက်မနေနိုင်တော့။

"သူ့ကိုတားထားစမ်း"

ဝမ်ကျူ့ က သူဘော်ဒီဂတ်တွေကို အမိန့်ပေးလိုက်တာနဲ့ ချက်ချင်းပဲ တုချိ ကို တားဖို့ရန် ပြေးလာကြတော့တယ်။

တုချိ လည်း ကလေးတွန်းလှည့်ကိုဆွဲကိုင်ထားပြီး ဝမ်ကျူ့ ကိုကြည့်လိုက်ကာ

"ခဗျား ဒါသဘောလဲ"

ဝမ်ကျူ့ က သူ့အရှေ့ကိုဖြည်းဖြည်းချင်းလျှောက်လာတာကြောင့် တုချိ ပုခုံးတွေအနည်းငယ်တုန်ယင်လာတယ်။  နောက်ထပ်ဘာတွေဖြစ်ပျက်လာမယ်ဆိုတာ သူတွေးတောင်မတွေးရဲ။

"မစ္စတာ တု ဘာလို့ထွက်ပြေးရတာလဲ။ကိုယ်လက်ထဲကတခါထွက်ပြေးပြီးပြီးကို ဘာလို့နောက်တစ်ခေါက် ထပ်ပြီး ထွက်ပြေးချင်နေရတာလဲဟမ်"

ဝမ်ကျူ့ က တုချိ မေးစေ့ကိုညှစ်ကိုင်လာကာမေးလာတယ်။တုချိ လည်း ထိုဝက်လက်ကို ချိုးပစ်ချင်ပေမဲ့ တစ်ဖက်လူက အိုဗာဝိတ်ဆိုဒ်ရှိနေတဲ့အယ်လ်ဖာတစ်ယောက်ဖြစ်နေတော့ သူ့အနေနဲ့ဘာများတတ်နိုင်ဦးမှာလဲ။

"ငါ့ကိုလွှတ်"

တုချိ အော်လိုက်တယ်။

ထို့မောက် ဝမ်ကျူ့ က တုချိ မေးစေ့ကိုလွှတ်ပေးလိုက်တော့ တုချိ လည်း မျက်မှောင်ကြုတ်ကာ သူ့မေးစေ့ကိုသုတ်ပစ်လိုက်တယ်။ဝမ်ကျူ့ အကြည့်တွေက တွန်းလှည်းလေးထဲက အိုက်အိုက် ဆီကိုရောက်လို့သွားတာကြောင့် တုချိ အခက်တွေ့လာကာ ချက်ချင်းပဲ

"ခဗျား ဘာလာကြည့်နေတာလဲ"

ဝမ်ကျူ့  က

"မင်းကလေးလား"

တုချိ ပြန်မဖြေပေမဲ့ အဖြေက အသိအသာကြီးပင်။ဝမ်ကျူ့ စိတ်ဝင်စားသွားကာ

"ကိုယ်တစ်ခါမှ ကလေးမွေးပြီးသားအိုမီဂါကို အရသာမခံဖူးဘူး။  ဒါပေမဲ့ မင်းက ကိုယ့်တံခါးရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာဆိုတော့လဲ"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Waar verhalen tot leven komen. Ontdek het nu