83

1.3K 133 4
                                    

[Unicode]
Chapter-83 Extra: ဘာရီ နဲ့ တုရှောင် ခွေးနဲ့ဝံပုလွေစုံတွဲ အပိုင်းလေး

တုရှောင် ယောင်ကိုင်းလို့နေတဲ့မျက်နာနဲ့ပဲ လက်ရွေးစင်အဖွဲ့ဆီပြန်ရောက်လို့လာတယ်။သူ့ကို စူးစမ်းလို့နေတဲ့မျက်လုံးတွေကိုလဲ သူဂရုမစိုက်ပေ။ဒါပေမဲ့ ယန်ကျိမြင်ပြီးချိန်မှာတော့ အနည်းငယ်မေးမြန်းလို့လာတော့တယ်။ဘာရီဆီကနေ သူရိုက်ခံလိုက်ရမှန်းလဲသိရော ယန်ကျိသူ့ကိုနှစ်သိမ့်ပေးလာတယ်။အင်ဂျင်နီယာဆိုသည်မှာလဲ သူ့စိတ်နဲ့သူရှိတယ်မလား...

ဒါပေမဲ့ သူတကယ်ပဲ ယာဥ်ပျံမှာတာဝန်ကျသူ ဘာရီ နဲ့ mecha ကတာဝန်ကျတဲ့ယန်ကျိတို့ ဒီလိုကောင်းမွန်တဲ့ဆက်ဆံရေးရှိနေလိမ့်မယ်လို့ မထင်ထားမိပေ။

တုရှောင် ယန်ကျိကိုရှင်းမပြနိုင်လောက်တဲ့အကြည့်နဲ့ကြည့်လို့နေပြီး...သူ့ဘာသာတွေးနေမိတယ်။ယောက်ဖကတကယ်ပဲ အရိုက်ခံရတာနဲ့ပဲ ဆူလို့ရိုက်တာလား ချစ်လို့ရိုက်တာလားဆိုတာ တကယ်ပဲမကွဲတာလားဆိုတာသိချင်မိသွားတယ်။အခုသူ့မျက်နာကဒဏ်ရာအများကြီးက ဘာရီသူ့ကိုဘယ်လောက်ထိချစ်လဲဆိုတဲ့ သက်သေပဲလေ....

တချိန်တည်းမှာပဲ ဘာရီတစ်ယောက် တုရှောင်မနှောက်ယှက်တော့အတွက်နောက်ဆုံး အေးဆေးနားခွင့်ရခဲ့ပြီး နေ့တိုင်းကအားလပ်လို့နေတယ်။ဒါပေမဲ့သူသိချိန်မှာ ဆယ်ရက်ခွင့်ရက်ကပြည့်လို့သွားပြီး သူစစ်တပ်ကိုပြန်အလုပ်လုပ်ရတော့မှာဖြစ်တယ်။

ဒါပေမဲ့ သူ့ကိုအံ့သြစေတာက သူပြန်ရောက်လို့လာတည်းက တုရှောင်ကသူ့ကိုလာမနှောက်ယှက်တော့တာပင်။

တုရှောင်ကြောင့်သူစိတ်ညစ်ရလွန်းတာမို့ လက်ရွေးစင်ပထမအဖွဲ့ဆိုရင် သူအမြဲရှောင်လို့နေတတ်တယ်။တုရှောင်ကို အချိန်အတော်ကြာတဲ့အထိ မတွေ့ရမှန်းဘာရီသတိထားမိခါမှ သူနောက်ဆုံး လက်ရွေးစင်ပထမအဖွဲ့ကိုသွားမေးခဲ့တာဖြစ်တယ်။

သူ့ခွင့်ရက်ယူသွားခဲ့တဲ့အချိန်တုန်းက လက်ရွေးစင်အဖွဲ့က တာဝန်ထမ်းဆောင်ခဲ့ရတာကနေစတင်ခဲ့တယ်။လော်ဂါဂြိုလ်ကနေ အစအနကျန်လို့နေသေးတဲ့ အကောင်တွေရဲ့နောက်ကြောင်းကိုသူတို့ရှာတွေ့ခဲ့ပြီး လက်ရွေးစင်အဖွဲ့ကကိုင်တွယ်ကာ နှိမ်နှင်းဖို့တာဝန်ပေးခံလိုက်ရတယ်။

🎉 Je bent klaar met het lezen van အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation) 🎉
အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Waar verhalen tot leven komen. Ontdek het nu