ep-1

15.8K 647 18
                                    

ပေကျင်းမြို့ရဲ့အပျော်တမ်းကားပြိုင်ကွင်းနေရာတစ်​နေရာတွင် တက်သစ်စ racer များစွာက အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပြေးနေကြသည်။
အပျော်တမ်းကားပြိုင်ပွဲဆိုပေမယ့် နွေရာသီ၏ ပူပြင်းလှသော နေရောင်အောက်တွင် အမိုးအကာ မရှိသော ပွဲကြည့်စင်မှအားပေးနေသော မိန်းကလေးများ နှင့် ယောကျာ်းလေးအနည်းငယ်။

မိန်းက လေး ပရိသတ်များကမူ ပြေးလမ်းပေါ်မှအရှိန်အဟုန်ဖြင့်ပြေးနေသော racer 85 ကို သူ့ထက်ငါ အပြိုင် အားပေးနေကြသည်။နောက်ဆုံး racer 85 ကလည်းရှေ့ဆုံး၌ ပြေးနေသော ပြိုင်ဘက်ကိုကျော်တက်ကာ ပန်းဝင်သွားခဲ့သည်။ racer 85 ပန်းဝင်သွားသည်နှင့်တစ်ပြိုင်နက် ပွဲကြည့်စင်မှ မိန်းကလေးများ၏ အော်ဟစ်သံတို့ဖြင့်ဆူညံ့သွားတော့သည်။

racer 85 ပေါ်မှဆင်းလာသော သူ က အကာအကွယ်ဉီးထုပ်ကိုချွတ်လိုက်ကာ နဖူးပေါ်ဝဲကျနေသော ဆံပင်တို့အားသပ်တင်လိုက်သည်။ ထိုပုံစံကိုမြင်လိုက်သော မိန်းကလေးတို့ကမူ အလျင်အမြန်ဓာတ်ပုံရိုက်သူကရိုက် ၊ အသားကုန်အော်သူကအော်ဖြင့် ကားပြိုင်ပွဲအတွင်းဆူညံသွားတော့သည်။ racer 85 ကမူ နှုတ်ခမ်းတစ်ဖက်စောင်းပြုံးလိုက်ကာ ထိုဆူညံနေသောအုပ်စုအား လက်ဝှေ့ပြလိုက်သည်။

''တောက်! ! ! ဝမ်ရိပေါ် မင်းဒီတစ်ခါ ကံကောင်းလို့နိုင်သွားတာ မင်း သတိနဲ့နေ ''

နောက်ကျောဘက်မှထွက်လာသော အသံကြောင့် ဝမ်ရိပေါ်က လှည့်ကြည့်ကာ ပုခုံးတွန့်ပြလိုက်သည်။
ထို့နောက် သူ၏လက်ဝါးအားဖြန့်ကာ ပေးဆိုသည့်သဘောဖြင့် ရှေ့ကလူအား မျက်စပြစ်ပြလိုက်သည်။ တစ်ဖက်လူကလည်း မကျေနပ်ပေမယ့်card တစ်ခုအား ဝမ်ရိပေါ်လက်ထဲထည့်ပေးလိုက်ရသည်။

ဝမ်ရိပေါ်က card အားသေချာသိမ်းဆည်းလိုက်ကာ ထိုလူ၏နား နားကပ်ကာ

''မင်း ငါနဲ့ပြိုင်မယ့်အစား မင်းကိုယ်မင်း သာအရင်ပြိုင်စမ်းပါ လင်းဟန်''

ဝမ်ရိပေါ်က လင်းဟန်ရဲ့ပုခုံးအား နှစ်သိမ့်သလိုပုတ်ပေးလိုက်ကာ ထိုနေရာမှထွက်လာခဲ့သည်။ လင်းဟန်ကတော့ သူ၏ပြိုင်ကား လေးအားခြေဖြင့်ကန်လျက် ဒေါသပုန်ထကာကျန်ခဲ့တော့သည်။

My roommate is a fox (completed) Where stories live. Discover now