extra -1

3.9K 236 22
                                    

''မင်း .....ဘာလို့ ကိုကို့ကိုဒီကိစ္စကြိုမပြောတာလဲ ရှောင်းကျန့် ''

''ငါက...... မင်းကို surprise လုပ်ချင်လို့ပါ ''

''ရှောင်းကျန့်ရာ......မင်းသူတို့ကိုမွေးဖို့အဆင်ပြေပါ့မလား........မင်းကိုထိခိုက်မယ်ဆိုရင်ကိုကို သူတို့ကိုမလို....''

ရှောင်းကျန့်က ရိပေါ်ရဲ့နှုတ်ခမ်းပေါ်သို့သူ့ရဲ့လက်ညိုးလေးတစ်ချောင်းအား ကန့်လန်ဖြတ်တင်ကာ ဟန့်တားလိုက်သည်။

''ရိပေါ်..... မင်းအဲ့လိုမပြောရဘူးလေ သူတို့ကအခုမှသန္ဓေသားပေမယ့် မင်းပြောတာကိုအကုန်နားလည်နေကြပြီရိပေါ်ရဲ့......ပြီးတော့ငါအတွက်ထိခိုက်မှုမရှိပါဘူး ''

''ကိုကိုက မင်းကိုစိုးရိမ်သွားလို့ပါ ''

''တစ်ကယ်ဘဲ အမြွှာလားရှောင်းကျန့် ''

''အင်း.....မင်းရဲ့သားနှစ်ယောက်က မင်းလိုဘဲသိလား ရိပေါ်''

ဝမ်ရိပေါ်က စိတ်ဝင်စားသွားသည်ကြောင့် ေရှာင်းကျန့်စကားကိုသေချာနားထောင်နေလိုက်တယ်။

''မင်းရဲ့ကလေးတွေကလေ သူတို့ဒယ်ဒီက ငါ့အနားအရမ်းကပ်တာဘဲတဲ့ မကြိုက်ဘူးတဲ့..... ''

''ဘာ! ! ! အဲ့ကောင်တွေက အဲ့လိုပြောတာပေါ့ ဒီကောင်တွေကွာ.......''

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ဗိုက်နားကပ်ကာ

''မင်းတို့မနာလိုလည်းမတတ်နိုင်ဘူး...... ရှောင်းကျန့်က ငါကိုဘဲချစ်တာတဲ့...... ''

''ရိပေါ် ''

''ဝမ်ရိပေါ်...... နင် အခုမှဗိုက်ထဲမှာရှိတဲ့ ငါ့မြေးလေးတွေကို အဲ့လိုပြောရလား''

သူတို့နောက်ကနေ အအေးဗန်းလေးကိုင်ကာ ရောက်လာတဲ့ပိုင်ရိဟုန်က သူမရဲ့သားအားပြောလိုက်သည်။

လေကောင်းလေသန့်ရအောင် ကျန့်ကျန့်ကို ခြံထဲမှာထိုင်ခိုင်းထားတာ သူမရဲ့သားဝမ်အူတိုက လည်းရှောင်းကျန့်နောက် တောက်တဲ့လိုကပ်လိုက်နေသည်။

အခုလည်း ကျန့်ကျန့်အတွက် အသီးဖျော်ရည်ယူလာတုန်းကြားလိုက်ရတဲ့စကားကြောင့် ဝမ်ရိပေါ်ရဲ့ကျောအား တစ်ချက်ရိုက်လိုက်ရသည်။

My roommate is a fox (completed) Onde as histórias ganham vida. Descobre agora