extra-4

2.8K 189 7
                                    

ဝမ်အိမ်တော်ရဲ့အိမ်ဝင်ပေါက်အတွင်း အရှိန်အဟုန်ပြင်းစွာ ထိုးရပ်သွားသောကားတစ်စီး။ ထိုကားပေါ်မှ ကမန်းကတန်းဆင်းလာတဲ့ဝမ်သခင်လေး ၏မျက်နှာမှာလည်း ဇောချွေးများပြန်ကာ စိုးရိမ်ပူပန်မှုများသိသာစွာ ပေါ်လွင်နေသည်။

ဝမ်ရိပေါ်အိမ်အတွင်းအပြေး ဝင်ရောက်သွားတာနဲ့ အိမ်တော်ထိန်းကြီးကစီးကြိုလို့နေသည်။

''သခင်လေး...... ရောက်လာပါပြီလား''

''ရှောင်းကျန့်.... ရော ''

''သခင်လေးရှောင်း......အိပ်ခန်းတွင်းမှာဘဲအနားယူနေပါတယ်''

ဝမ်ရိပေါ်က အိမ်တော်ထိန်းကြီးရဲ့စကားဆုံးတာနဲ့ အပေါ်ထပ်ရှိအိပ်ခန်းသို့ ပြေးတက်သွားသည်။
အခန်းရှေ့ရောက်တာနဲ့ အိပ်ခန်းထဲမှာထွက်လာတဲ့ ဝမ်သခင်မအားတွေ့လိုက်ရသည်။

''သား ရိပေါ်.......ရောက်လာပြီလား ''

''မား......ရှောင်းကျန့်ရော ဘာ.....ဘာဖြစ်သွားသေးလဲ''

ပိုင်ရိဟုန်က အရမ်းကိုစိုးရိမ်တုန်လှုပ်နေတဲ့ သားဆီကိုလျှောက်သွားကာ ပုခုံးလေးအားပွတ်သပ်ပေးလိုက်သည်။

''ဘာမှမဖြစ်တော့ဘူး.......အရမ်းစိုးရိမ်မနေနဲ့တော့
အခုကျန့်ကျန့်က အိပ်ပျော်သွားပြီ ''

''တော်သေးတာပေါ့ .......သူတစ်ခုခုဖြစ်သွားမှာအရမ်းကြောက်နေခဲ့တာ ''

ဝမ်ရိပေါ်ရဲ့ အသံတို့ကတုန်ယုန်စွာ ဝမ်သခင်မရှေ့မှာဘဲ မျက်ရည်တို့စီးကျလာတော့သည်။

''ငါ့သားက....... ကလေးအဖေတောင်ဖြစ်တော့မှာ ငိုနေတုန်းလား''

''ရှောင်းကျန့်.....ကိုပြန်မပြောနဲ့ မား....... ကျွန်တော်ငိုတာကို ........သူစိတ်မကောင်းဖြစ်နေမယ် ပြီးတော့ စကိတ်တွေအားလုံးကို ဂိုဒေါင်ထဲမှာသော့ခေတ်ထားလိုက်တော့ မား..........''

''အင်းပါ....... မားလုပ်ထားလိုက်မယ်...... ကျန့်ကျန့်ကိုမဆူနဲ့နော်...... သူကအခုချိန်မှာစိတ်အတက်အကျအရမ်းမြန်နေလို့ အဲ့လိုလုပ်မိတာ ''

''အင်း....''

ဝမ်ရိပေါ်က ဝမ်သခင်မအား ခေါင်းတစ်ချက်ငြိမ့်ကာ သူတို့ရဲ့အိပ်ခန်းတွင်းသို့ဝင်သွားခဲ့သည်။
ပိုင်ရိဟုန် တစ်ယောက်သူမရဲ့သားအားကြည့်ကာ နှစ်ခြိုက်စွာပြုံးလိုက်သည်။

My roommate is a fox (completed) Where stories live. Discover now