ep-9

4.9K 336 16
                                    

ရင်ခွင်ထဲမှာ အိပ်ပျော်နေသော မြေခွေးလေးအား ကြည့်ကာ ဝမ်ရိပေါ်က သွားတန်းညီညီလေးပေါ်အောင်ပြုံးလိုက်သည်။ ရှောင်းကျန့်ရဲ့ မြေခွေးအသွင်ရော လူသားအသွင်ရောက အရမ်းချစ်ဖို့ကောင်းလွန်းသလို စွဲမက်စရာကောင်းလွန်းအောင်လည်း လှပလွန်းသည်။ အဓိက ကရှောင်းကျန့် ကရှောင်းကျန့်ဖြစ်နေလို့သာပင်။

ဝမ်ရိပေါ်က အိပ်နေသောရှောင်းကျန့်ရဲ့နှဖူးအား သူ့ရဲ့နှုတ်ခမ်းတို့ဖြင့် ထိကပ်နမ်းရှိုက်လိုက်တော့ မြေခွေးလေးကရင်ခွင်ထဲပို၍တိုးဝင်လာတော့သည်။
ဝမ်ရိပေါ်က လည်းအလိုက်တသိပို၍တိုးဖက်လိုက်သည်။

ဝမ်ရိပေါ်ဆိုတဲ့လူသားက မြေခွေးလေးရှောင်းကျန့်ကို ဘယ်အချိန်ကစပြီး ချစ်မိသွားလဲကိုပင် စဉ်းစားလို့မရနိုင်အောင် ချစ်မိသွားခဲ့သည်။

ရှောင်းကျန့် ရဲ့မူလပုံစံက လူသားမဟုတ်ဘူးဆိုတာ
ရိပ်မိတာတောင်ရှောင်းကျန့် ရဲ့ဘေးနားကထွက်သွားလို့မရနိုင်အောင် ရှောင်းကျန့်ရဲ့ဆွဲငင်အားအောက်ကျရှုံးခဲ့ရသည်။

ဝမ်ရိပေါ်က ရှောင်းကျန့်ကို အသည်းနစ်အောင်ချစ်မိသွားတာ။ ရှောင်းကျန့်ရဲ့ဖြစ်တည်မှုလေးက သူ့အတွက်တော့ ​ေနွရာသီမှာ တိုက်ခတ်တဲ့လေပြေလေညှင်းပင်။

ချုပ်နှောင်မှုတွေနဲ့ပြည့်နေတဲ့သူ့ဘဝမှာ ရှောင်းကျန့်က လွတ်မြောက်ရာလမ်းစလေး တစ်ခုပင်။

ရှောင်းကျန့်ကို ဘယ်လောက်အထိချစ်မိသွားလဲဆိုရင် ရှောင်းကျန့်က သူ့ကိုယ်တိုင်မြေခွေးလူသား လို့ဝန်မခံခင်ကဘဲ ဝမ်ရိပေါ်က စောစီးစွာသိနှင်ခဲ့ပြီး
ထိုအချိန်ကတည်းက ချစ်မိသွားခဲ့ပြီးပြီ။

သူဘယ်တုန်းက စရိပ်မိခဲ့လည်းဆိုရရင် ရှောင်းကျန့်ကို တစ်ယောက်တည်းထားခဲ့မိတဲ့နေ့ကလို့ဆိုရမည်လားပင်။

အဲ့နေ့က ဝမ်ရိပေါ်တစ်ယောက် လမ်းဘေးဆိုင်ထိုင်ပြီးသောက်နေရင်းမှ ဆိုင်ရှင်မွေးထားတဲ့ယုန်တစ်ကောင်အားမြင်ကာ ရှောင်းကျန့်အားသတိရသွားပြီး
ကျောင်းအဆောင်သို့အမြန်ပြန်လာခဲ့သည်။

ကျောင်းနားက market တစ်ခုနားရောက်တော့ လမ်းကူးရန်လုပ်နေသော ရှောင်းကျန့်အားတွေ့လိုက်ရသည်။

My roommate is a fox (completed) Όπου ζουν οι ιστορίες. Ανακάλυψε τώρα