ep-2

7.4K 507 16
                                    

ကျယ်လောင်စွာ​မြည်လာသောနာရီ နှိုးစက်သံကြောင့် ဝမ်ရိပေါ်၏ မျက်လုံးတို့က ဖွင့်ဟလာခဲ့ သည်။
သူ၏ကုတင်ပေါ်ထက်မှာ လက်နှစ်ဖက်ကိုဆန့်တန်းလိုက်​ပြီးနာရီအားတစ်ချက်ကြည့်လိုက်တော့ အိပ်ယာထ ရတော့မည့်အချိန်ကိုရောက်နေပြီ ။

သို့သော် တစ်ဖက်လှည့်ကာ ပြန်အိပ်နေလိုက်ပေမယ့် ကြာစွယ်နံသင်းသင်းလေးက သူ၏အနံခံအာရုံသို့ ရောက်လာသည့်အခါတွင်တော့ ဝမ်ရိပေါ်က စောင်လေးအားအသာခွာကာခေါင်းထောင်ကြည့်လိုက်သည်။

ဝမ်ရိပေါ်ကြည့်လိုက်တော့ ရှောင်းကျန့်ကကြာစွယ်မှုန့်ကိုဖျော်ကာ သူ၏နှုတ်ခမ်းပါးပါးလေးဖြင့် ကြာစွယ် အား မပူစေရန် မှုတ်နေသည်။ မနက်စောစော ထလိုက်ရ၍ ရေငတ်သွားသည်ဖြစ်မည် ဝမ်ရိပေါ်က တံတွေးမြိုချလိုက်မိသည်။

ရှောင်းကျန့်က ချက်ချင်းဆိုသလို ဝမ်ရိပေါ်ဘက်အား မျက်လုံးဝိုင်းဝိုင်းလေးဖြင့် လှည့်ကြည့်လာသည်။

ဝမ်ရိပေါ်က ရှောင်းကျန့်နဲ့အကြည့်ချင်းဆုံသွားတော့ ချောင်းတချက်ဟန့်လိုက်ကာ အကြည့်လွှဲလိုက်တယ်။

''ရိပေါ် ရေဆာလို့လားဟင် ငါ မင်းရဲ့တံထွေးမြိုချသံကြားလိုက်ရတယ် ''

''ဟမ်.......အာ .....အင်းအင်း......ဟုတ်တယ် ရေဆာလို့.........''

ရှောင်းကျန့်က ဖန်ခွက်ထဲသို့ရေထည့်ကာ ယူလာပြီးဝမ်ရိပေါ်အား လာပေးတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ယူလာပေးသော ရေခွက်အားတစ်ကျိုက်တည်းမြိုချကာ ရှောင်းကျန့်အားကြည့်လိုက်တော့ ရှောင်းကျန့်က ယုန်သွားများပေါ်အောင်ထိကိုရယ်ပြလာသည်။

ရှောင်းကျန့်ရဲ့အပြုံးလေးကို ဝမ်ရိပေါ်က ငေးမောမိသွားပြီး နောက် ချက်ချင်းဆိုသလိုရေချိုးခန်းထဲသို့လျင်မြန်စွာဝင်သွားပြီး တံခါးအားစောင့်ပိတ်လိုက်သည်။

တံခါး စောင့်ပိတ်လိုက်သောကြောင့် ရှောင်းကျန့်ကလန့်သွားကာ တုန်သွားပြီးရင်ဘတ်လေးအားအသာဖိလိုက်သည်။

ထိုအချိန် ဝမ်ရိပေါ်က ရေချိုးခန်း တံခါးမှခေါင်းထွက်လာကာ

My roommate is a fox (completed) Where stories live. Discover now