ep-10

5.6K 327 25
                                    

ကျောင်းတွင်းမေဂျာအလိုက် အားကစားပြိုင်ပွဲကြီး
စတင်ချိန်ရောက်ခဲ့ပြီ။ semester တစ်ခုလည်းပြီးမြောက်တော့မည်။ ဒီ sem ပြီးရင်ဘွဲ့ရတော့မည့် ကျောင်းသားများက ဒီအားကစားပွဲကို ကျောင်းတွင်းနောက်ဆုံးအမှတ်တရ အဖြစ်အလွတ်မပေးဘဲ ဝင်ရောက်ယှဉ်ပြိုင်ကြတော့သည်။

ရှောင်းကျန့်တစ်ယောက်ကဘဲ ဝင်မပြိုင်ဖြစ်ဘူး အမှန်တိုင်းပြောရရင် ဝမ်ရိပေါ်က ခွင့်မပြုသလို ရှောင်းကျန့်ကလည်း လူကြားထဲနေရတာသိပ်မကြိုက်တာကြောင့်ပင်။

ရှောင်းကျန့်က ဘတ်စ်ကတ်ဘော ပွဲစတင်တော့မည်ဖြစ်တာကြောင့် ပွဲကြည့်စင်ပေါ်သို့သွားရန်အလုပ် သူ့အား တစ်စုံတစ်ယောက်က နားနေခန်းသို့အတင်းခေါ်သွားသည်။

ရှောင်းကျန့်ကလည်း သူ့အားခေါ်သွားသူ အား ငြင်းဆန်ခြင်းမပြုဘဲ အသာတကြည်နောက်က လိုက်သွားခဲ့သည်။ နားနေခန်းသို့ရောက်တာနဲ့ နံရံနဲ့ဖိကပ်ခြင်းခံလိုက်ရပြီး နှုတ်ခမ်းပါးတို့အား အလစ်ဝင်တိုက်ခြင်းခံလိုက်ရတယ်။

''အွန်း....ရိပေါ် တော်တော့ ''

ဝမ်ရိပေါ်က အလွတ်မပေးချင်သော်လည်း နှုတ်ခမ်းပါးပါး လေးအား တစ်ချက်စုပ်ယူလိုက်ပြီး
လွတ်မြောက်ခွင့်ပေးလိုက်သည်။

''ရှောင်းကျန့်.....မင်းအရမ်းချစ်ဖို့ကောင်းတယ် ''

ရှောင်းကျန့်၏ ပါးလေးနှစ်ဖက်က ရဲတက်လာတော့သည်။

''ရှောင်းကျန့်..... မင်းရှက်နေတာလား ပါးလေးတွေရဲနေပြီ ''

''မဟုတ်....မဟုတ်ပါဘူး ''

''မင်းလိမ်ပြန်ပြီ ဆွဲကြိုးသာမဆွဲထားရင် အခုချိန် နားရွက်လေးတွေထွက်နေတော့မှာဘဲ ''

ေရှာင်းကျန့်က သူ့အားကျီစယ်နေသော ဝမ်ရိပေါ်အား မျက်စောင်းလှမ်းထိုးလိုက်ကာ ခေါင်းလေးအားငုံလိုက်သည်။

ဝမ်ရိပေါ်ကတော့ အရှက်သည်းလှသော ချစ်ရည်းစားလေးအား အသည်းယားသွားကာ ခေါင်းလေးအားပွတ်ပေးလိုက်သည်။

''ရိပေါ်..''

''အင်း..... ပြော ဘေဘီ ''

''မင်းဒီမှာခဏထိုင်အုန်း ''

My roommate is a fox (completed) Donde viven las historias. Descúbrelo ahora