ep-6

5.3K 380 15
                                    

စိတ်ကောက်သွားသော ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် အ နောက်မှအပြေးလိုက်ရတော့သည်။ ရှောင်းကျန့်ကဘာလို့ လမ်းလျှောက်တာတောင်အဲ့လောက်မြန်ရတာလဲ။တစ်ကယ့်ကို ဝမ်ရိပေါ် အနောက်မှလိုက်ရတာ မောဟိုက်နေပြီ။

''ရှောင်းကျန့်...... ခဏလေးနေပါဉီး... ငါမောနေပြီ ''

ဝမ်ရိပေါ်ရဲ့ ေအာ်ပြောသံကြောင့် ရှောင်းကျန့်ကသူ့ရဲ့ခြေလှမ်းများအား သိသိသာသာ အရှိန်လျော့လိုက်သည်။ ချက်ချင်းဆိုသလို ရှောင်းကျန့်အနားကို ဝမ်ရိပေါ်က ရောက်လာကာ ဒူးပေါ်လက်တင်လျက် အမောဖြေနေတော့သည်။

''ရိပေါ်......မင်းအရမ်း မောသွားလား ငါ...ငါမရည်ရွယ်ပါဘူး''

ရှောင်းကျန့်စကားကြောင့် ဝမ်ရိပေါ်၏ နှုတ်ခမ်းတို့ကတွန့်ချိုးသွားတော့သည်။

''ငါ မမောတော့ပါဘူး..... မင်းကဘာလို့အဲ့လောက်
အမြန်သွားနေရတာလဲ ''

''...................''

ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့်က မျက်နှာညိုးသွားတော့သည်။ သူစကားမှားသွားပြီဖြစ်ကြောင်း ဝမ်ရိပေါ်က ချက်ချင်းသိလိုက်ပြီး

''ငါ ပြောတာက မင်းအမြန်သွားရင်ချော်လဲမှာစိုးလို့ ''

''ရိပေါ်က ငါ့ကိုစိုးရိမ်လို့လား ''

''အင်း..... စိုးရိမ်တာပေါ့ မင်းကငါ့အခန်းဖော်လေ ''

''ရိပေါ်လို အခန်းဖော်ရတာ အရမ်းကောင်းတာဘဲ ငါမင်းကို သဘောကျတယ် ရိပေါ်''

ရှောင်းကျန့်ရဲ့ သဘောကျတယ်ဆိုတယ် စကားကြောင့်ဝမ်ရိပေါ်ရဲ့မျက်နှာက ချက်ချင်းတည်တန့်သွားသည်။

ဝမ်ရိပေါ်၏ မျက်ဝန်းတို့က ရှောင်းကျန့်ရဲ့ မျက်ဝန်းတို့အား စိုက်ကြည့်လိုက်တော့ ရှောင်းကျန့်က လိမ်ညာနေပုံမရပေ။

''ရှောင်းကျန့် ''

''အင်း.....ရိပေါ် ''

''စောစောက မင်း..... စိတ်ကောက်သွားတာမလား ခွေးမွေးမယ်ပြောတာလေ မင်းမကြိုက်ရင် ငါ မမွေးတော့ပါဘူး အဲ့တာကြောင့်စိတ်မဆိုးနဲ့ပါတော့ ''

My roommate is a fox (completed) Where stories live. Discover now