extra-11

2.6K 172 10
                                    

တံခါးဖွင့်သံကြားလိုက်ရတာနဲ့ ရှောင်းကျန့်က ရှောင်းပေါ်ကို ချော့နေရာမှလှည့်ကြည့်လိုက်သည်။

''ရိပေါ်......မင်းပြန်လာပြီ''

''အင်း......ပင်ပန်းနေပြီလား ကလေးတွေထိန်းနေရတာ''

''မင်းရဲ့သား ရှောင်းပေါ်.....က ငြိမ်ငြိမ်လည်းမနေဘူး ရိပေါ် ''

ကလေးတစ်ယောက်လိုစူပုတ်ပြီးတိုင်နေတဲ့ ေရှာင်းကျန့်ကြောင့် ရိပေါ်ကအနားသို့လျှောက်သွားလိုက်သည်။

ခြောက်လအရွယ်ရှိနေပြီဖြစ်တဲ့ သားနှစ်ယောက်မှာ ရိကျန့်က အရမ်းငြိမ်သလောက် ရှောင်းပေါ်ကအသွက်လွန်လှသည်။

''ေရှာင်းပေါ်.......သားရဲ့ပါးပါး ကိုဆိုးနေတာပေါ့ ဟုတ်လား''

''......အင့်....... ''

ဝမ်ရိပေါ်က သူ့ကိုလမ်းနှုတ်ဆက်နေတဲ့ ရှောင်းပေါ်ကြောင့် ရှောင်းကျန့်ဆီကနေ ယူချီလိုက်သည်။

ဝမ်ရိပေါ်က တစ်ရက်လုံးမနမ်းရသေးတဲ့ရှောင်းကျန့်ရဲ့ပါးအား နစ်ဝင်သည်အထိနမ်းလိုက်တော့ ရှောင်းပေါ်ရဲ့ လက်သေးသေးလေးကဝမ်ရိပေါ် ရဲ့ပါးစပ်ကိုလာပိတ်တော့တယ်။

''.......အင့်.......''

ကလေးတစ်ယောက်ရဲ့လက်က လာတားမြစ်တာက ဝမ်ရိပေါ်ရဲ့ပါးစပ်ကိုလက်ဝါးလေးဖြင့်ရိုက်သလိုဖြစ်နေသည်။

''အဟက်......ချစ်စရာလေး ''

''ပါ......ပါး''

ဝမ်ရိပေါ်လက်ထဲက နေ အတင်းရုန်းကန်ဆင်းသွားတဲ့ရှောင်းပေါ်က သူ့ပါးပါးဆီအတင်းကုပ်တက်တော့သည်။

ပါပါး လို့မပီကလာပီကလာနဲ့ခေါ်တဲ့ ရှောင်းပေါ်
ပင်။အခုထိရိပေါ်ကို ဒယ်ဒီလိုမခေါ်တတ်သေးတာက သူတို့ပါးပါးနဲ့ပိုပြီး အနီးကပ်လွန်းတာကြောင့်ဖြစ်မည်။

လွန်ခဲ့တဲ့တစ်လက ဝမ်ဉက္ကဌကြီးက ရုတ်တရက်မိသားစုကိုစွန့်ခွာလို့သွားခဲ့သည်။ ဒါကြောင့်မို့ဝမ်ရိပေါ်က ကုမ္ပဏီ ရဲ့ဉက္ကဌနေရာကိုဆက်ခံလိုက်ရပြီး ယခင်ထက်ပိုပြီးအလုပ်များလာခဲ့သည်။

''ရှောင်းပေါ်.....ပါးပါးကို မသနားဘူးလား မင်းကိုအချိန်ပြည့်ချီထားရတာလေ''

My roommate is a fox (completed) Where stories live. Discover now