ep-8

5K 379 17
                                    

''မင်းကဘာလဲ........ရှောင်းကျန့် ''

ဝမ်ရိပေါ်ရဲ့အမေးစကားကြောင့် ရှောင်းကျန့် ရဲ့ပြုံးရွှင်နေသောမျက်နှာက တည်တန့်သွားသည်။

ရှောင်းကျန့် အမူးပင်ပြေသွားသလိုခံစားလိုက်ရတယ်။ ရိပေါ် ကိုသူ့အစွမ်းတစ်ချို့ထုတ်ပြလိုက်မိ​ြပီ။ ဒါကြောင့် ဆရာတော်က အရက်သေစာမသောက်ဖို့အမြဲပြောခဲ့တာဘဲ။

ရှောင်းကျန့် က ဝမ်ရိပေါ်အားသေချာကြည့်လိုက်တော့ သူ့အားကြောက်ရွံခြင်းမရှိဘဲ ဒီအတိုင်းဘယ်လိုလုပ်လိုက်သည်ကို သိချင်နေသည့်ပုံပင်။

''ရှောင်းကျန့်...... မင်းကမျက်လှည့်တတ်တာလား
wow..... ငါမသိလိုက်ဘူးကွာ မင်းငါ့ကိုသင်ပေးမလား ''

''ရိပေါ်..... အဲ့တာမျက်လှည့် မဟုတ်ဘူး ''

''..................... ''

''ငါက လူစင်စစ်မဟုတ်ဘူးဆိုရင် မင်းကြောက်မှာလား ရိပေါ် ''

''.....................''

ဝမ်ရိပေါ်က ခဏတာငြိမ်သက်သွားပြီးနောက် သူ့ရဲ့ကုတင်ပေါ်တက်ကာ တစ်ဖက်လှည့်ပြီးအိပ်သွားတယ်။

''ရှောင်းကျန့်....မင်းပင်ပန်းနေပြီထင်တယ် ငါ.....ငါလည်းအိပ်တော့မယ် ''

''ရိပေါ် ''

ဝမ်ရိပေါ်ဆီမှ စကားပြန်မရတော့ဘဲ တစ်ကယ်ပင်အိပ်ပျော်သွားသည့်ပုံပင်။ ရှောင်းကျန့်က အိပ်ပျော်နေသော ဝမ်ရိပေါ်ရဲ့ကုတင်ဘက်ခြမ်းကို ကူးသွားကာ ဝမ်ရိပေါ်အားကြည့်နေလိုက်သည်။

''မင်း.....ငါ့ကိုကြောက်သွားတာလား ရိပေါ် ''

ရှောင်းကျန့်ရဲ့ မျက်ဝန်းတို့မှ မျက်ရည်ကြည်တစ်စက်က ဝမ်ရိပေါ်ရဲ့ပါးပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။

စောင်အောက်တွင်ရှိနေသော ဝမ်ရိပေါ်၏ လက်တို့က လက်သီးဆုပ်သဏ္ဍန်ကူးပြောင်းသွားသည်ကိုတော့ ရှောင်းကျန့်မသိခဲ့ပေ။

ထိုအချိန် အပြင်ဘက်တွင် မိုးဖွဲတို့က ရွာသွန်းလာခဲ့တော့တယ်။

''ဟောကြည့်...... ရိပေါ်...... ငါငိုနေလို့ မိုးတွေရွာနေပြီ
မင်းသိသွားရင် ငါ့ကိုမကောင်းဆိုးဝါး ထင်နေတော့မှာဘဲ ''

My roommate is a fox (completed) Where stories live. Discover now