extra-3

3.2K 211 23
                                    

''ကိုကို....''

''အင်း......အချစ်ကလေး ပြော''

ဝမ်ရိပေါ်က အဝတ်တစ်ခုမှကပ်မနေတဲ့ခန္ဓာလေးကို
အနောက်မှပိုတိုးဖက်ကာ ပြောလိုက်တယ်။

''မင်း.....ငါ့ကိုလိမ္မာရင်ဆုချမယ်ပြောတာလေ အဲ့တာလေ''

ရှောင်းကျန့်က ဝမ်ရိပေါ်ဘက်ပြန်လှည့်ကာ ရင်ခွင်ထဲတိုးဝင်လိုက်သည်။

''အချစ်ကလေးက လိမ္မာတော့ ကိုကိုကဆုချမှာပေါ့
ဘာလိုချင်လဲပြော ''

''ငါ.....ငါလေ..... ''

''ပြောလေ.... ရှောင်းကျန့်ရဲ့..... ဘာတွေတုံဆိုင်းနေတာလဲ ''

''စကိတ်စီးချင်တယ်...... ကိုကို
အဲ့ဒါ မင်းစကိတ်ကိုယူစီးမယ်နော် ''

''ဘာ!!! ရှောင်းကျန့်..... ဘာပြောလိုက်တယ်''

''စကိတ်စီးချင်ပါတယ်ဆို ဒီကိုကိုကလည်း''

''ရှောင်း!!! ကိုကို နားကြားမှားတာတော့မဟုတ်ဘူးမလား......ရှောင်းကျန့်......''

ေရှာင်းကျန့်က ဝမ်ရိပေါ်ရင်ခွင်ထဲမှထွက်ကာ ချက်ချင်း ထထိုင်လိုက်သည်။

''နားကြားမှားတာမဟုတ်ဘူး....ရိပေါ် ....ငါတစ်ကယ်ကိုစကိတ်စီးချင်တယ်ပြောတာ''

''မင်း အရင်တုန်းက စကိတ်စီးတာမကြိုက်ပါဘူး ''

''အရင်တုန်းကမကြိုက်ပေမယ့်..... အခုစီးချင်ပါတယ်ဆို..... ဒီကိုကိုဟာလေ ''

''မရဘူး..... ခွင့်မပြုနိုင်ဘူး ''

''ရိပေါ်! ! !''

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ရှောင်းကျန့်က ဘာလို့သူ့အမူအကျင့်အတိုင်းပြောင်းလဲသွားတာလဲ။

''ကိုကို.....ခွင့်မပြုနိုင်ဘူး..... ပြိုင်ကားစီးချင်တယ်ဆိုတုန်းကလည်းခွင့်ပြုပြီးပြီ အခုစကိတ်စီးချင်တာကိုတော့ခွင့်မပြုနိုင်ဘူး..... မတော်တဆတစ်ခုခုဖြစ်သွားရင် ......ကိုကို .....ရင်ကျိုးမှာ ရှောင်းကျန့်ရဲ့ ''

''ငါ.....စီးချင်တာမှမဟုတ်တာ ဘာလို့ငါ့ကိုဆူနေရတာလဲ......အင့်.......မင်းရဲ့သားတွေက စီးချင်နေတာသူတို့ကိုဆူ ငါ့ကိုမဆူနဲ့......''

My roommate is a fox (completed) Där berättelser lever. Upptäck nu