ep-11

4.4K 326 31
                                    

တက္ကသိုလ်စာကြည့်တိုက်အပေါ်ထပ်တွင် တိတ်တဆိတ်စာလေ့လာနေသော ကောင်လေးတစ်ယောက်။

ထိုကောင်လေး၏ တိတ်တဆိတ်စာရေရွက်နေပုံအား
စားပွဲသုံးခုံမြောက်ကနေ လူရွယ် တစ်ယောက်က မေးထောက်၍ကြည့်နေသည်။ ကောင်လေး၏ နှုတ်ခမ်းပါးထက်မှ စာတစ်ကြောင်းရေရွက်လိုက်တိုင်း စုချွန်သွားသော နှုတ်ခမ်းပါးလေးအား ကြည့်ကာ ထိုလူရွယ်၏ ရင်တို့ကတစ်ထိတ်ထိတ်အခုန်မြန်လာတော့သည်။ သူကြည့်နေရင်းပင် ကောင်လေးကစာအုပ်စင်များဘက်သို့ စာလုပ်နေရင်းမှ ထလျှောက်သွားတော့သည်။

ရှောင်းကျန့် စာကြည့်တိုက်မှာ တစ်ယောက်တည်းစာကြည့်နေ​ခြင်းပင်။ စာတမ်းလုပ်ရန်လိုအပ်သော စာရှာဖို့အတွက် library ခန်းမထဲသို့ရောက်နေတာဖြစ်သည်။ ရိပေါ် ကဒီနေ့ tranning ဆင်းချိန်ရှိနေတာကြောင့် ရိပေါ်ကို library မှာဘဲစာလုပ်ရင်းစောင့်နေလိုက်တော့တယ်။

စာအုပ်များမှလိုအပ်သောအကြောင်းအရာများရှာဖွေရင်း လိုသောစာကိုထပ်ရှာရန် စာအုပ်စင်များဘက်သို့လျှောက်သွားလိုက်သည်။ သူလိုသော စာအုပ်တွေ့လိုက်ပေမယ့် စာအုပ်က စင်အပေါ်ဆုံးထပ်သို့ရောက်နေခဲ့သည်။ ဒါကြောင့်ဘဲ အနီးရှိလှေကားအားယူကာ လှေကားပေါ်တက်ပြီးလိုသော စာအုပ်ကိုလှမ်းယူလိုက်သည်။

စာအုပ်ယူပြီးပြန်ဆင်းမည်အလုပ်မှာ လှေကားအောက်ခြေကယိုင်သွားပြီး လှေကားပေါ်မှပြုတ်ကျတော့သည်။ထိုအချိန် ရှောင်းကျန့်က မျက်လုံးစုံမှိတ်လိုက် ကိုကို့ အားတမ်းတလိုက်မိသည်။

ရှောင်းကျန့် လှေကားပေါ်မှပြုတ်ကျသွားသော်လည်း တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲသို့ ကျရောက်သွားသည်။ မှိတ်ထားသော မျက်လုံးတို့အားအသာဖွင့်ဟကြည့်မိတော့ ထိုလူကသူ့အားစိုက်ကြည့်ကာ ပြုံးပြလာသည်။

''မင်း အဆင်ပြေရဲ့လား ''

ထိုလူစကားကြောင့် ရှောင်းကျန့်က ရင်ခွင်ထဲမှအမြန်ထွက်ကာ မတ်တပ်ရပ်လိုက်သည်။ ပြီးတော့ သူ
ထိုလူအားကြည့်လိုက်မိတော့ ရိပေါ်နှင့်အရင်တစ်ခေါက် အားကစားပွဲထဲမှာ စကားပြောနေတဲ့လူဖြစ်ကြောင်းသိလိုက်ရတယ်။

My roommate is a fox (completed) Where stories live. Discover now